အိပ်မက်နယ်ပယ်

အစိမ်းရောင်

200 Kyats ကျပ်
အိပ်မက်ဆိုတာက လူတိုင်းလူတိုင်း မက်ဖူးတဲ့ အရာတစ်ခုပါ။ လူတိုင်း အိပ်မက်တချို့ မက်ဖူးကြပါတယ်။ ပျော်စရာအိပ်မက်, ကြည်နူးစရာအိပ်မက်, ဝမ်းသာစရာအိပ်မက်, ဝမ်းနည်းစရာအိပ်မက်, ကြောက်ရွံ့ တုန်လှုပ်စရာ အိပ်မက် စသဖြင့် စုံနေအောင် မက်ဖူးကြတာ ချည်းပါပဲ။ ပျော်စရာအိပ်မက်တွေမက်ခဲ့ရင်တော့ အိပ်ရာနိုးနိုးခြင်းမှာ ဖျက်ခနဲ ဆိုသလို ပျော်ရတာပေါ့။ ဒါပေမဲ့ ကြောက်စရာ အိပ်မက်တွေ မက်ခဲ့ရင်တော့ ဖျပ်ခနဲ လန့်နိုးခြင်းမှာ အရမ်းကို တုန်လှုပ်နေခဲ့ကြတတ်တာ လူတိုင်းလိုလိုပါပဲ။ ဘယ်အိပ်မက်ကိုမဆို အစွဲအလမ်း မထားသင့်ပါဘူး။ ချွင်းချက်ကတော့ ရှိတာပေါ့။ လူတွေဟာ အိပ်မက်မက်ပြီးတာနဲ့ အချိန်ခဏလေး အတွင်းမှာ အဲ့ဒီ အကြောင်းကို မေ့သွားတတ်ကြပါတယ်။ ကဲ … အိပ်မက်နယ်ပယ်ဆိုတဲ့ ဒီဝတ္ထုလေးက ဘယ်လိုဆွဲဆောင်မှုတွေ ရှိနေမလဲ၊ ဘယ်လို ချောက်ချားစရာ၊ ရင်ခုန်စရာ၊ ထိတ်လန့်စရာ၊ စိတ်ဝင်စားစရာတွေနဲ့ ပြည့်နေမလဲ ဆိုတာကတော့ …