သစ်တုံးထဲက ဘီလူးကြီးနှင့် အိမ်ပျောက်ကြီး

အစိမ်းရောင်

300 Kyats ကျပ်
ထွန်းခကတော့ ဖအေတူလို့ ပြောရမှာပေါ့။ ထွန်းခရဲ့ ဖခင်ဖြစ်သူ ဦးမောင်ငယ် ရှိစဉ်ကတော့ သူလည်း သစ်ခုတ်သမား တစ်ယောက်ပါ။ ထွန်းခ ၁၀ နှစ်သား လောက်ထဲက သူ့အဖေနဲ့ တောထဲကို လိုက်လိုက် သွားရင်းကနေ အခု သူ့ရဲ့ အဖေ မရှိတော့တဲ့ အချိန်မှာ အဖေ့ရဲ့ နေရာကို ထွန်းခကတော့ အပိုင် ယူထားလိုက်နိုင်ပါပြီ။ ထွန်းခက သစ်ခုတ်တဲ့ နေရာမှာ ကျွမ်းကျင်လှပါတယ်။ ပြီးတော့ သစ်ပင်ခုတ်တယ် ဆိုတာကလည်း ခုတ်သင့်တဲ့ အပင် မခုတ်သင့်တဲ့အပင် စသဖြင့်လည်း လိုက်နာစရာတွေက အများသားပါ။ မခုတ်သင့်တဲ့ အပင်ကို ခုတ်ပြီး အိမ်ဆောက်မိခဲ့ရင် အိမ်ရှင်တွေက ခိုက်တတ်ပါတယ်။ ဒါ့ကြောင့်လည်း သစ်မှာတဲ့ လူတွေက ထွန်းခက်ု အားကိုးကြပါတယ်။