စွဲမိစွဲရာ ကတ်ကြေးတစ်လက်

အစိမ်းရောင်

300 Kyats ကျပ်
အစွဲဆိုတာက ဘယ်လိုအစွဲမျိုးမှ မထားကောင်းပါဘူး။ ဘဝမှာ မထားသင့် မထားအပ်တဲ့ အရာပါပဲ။ ပစ္စည်းစွဲ၊ ပုဂ္ဂိုလ်စွဲ၊ အကြောင်းအရာကို စွဲ၊ ဘာပဲဖြစ်ဖြစ် အစွဲအလမ်း တစ်ခုခု ဖြစ်လာရင်တော့ လူ့ဘဝမှာပဲဖြစ်ဖြစ် ပရလောက ဘုံဘဝ ရောက်သွားရင်ပဲ ဖြစ်ဖြစ် မကောင်းလှပါဘူး။ တကယ်တော့ အစွဲမကြီးဖို့၊ အစွဲမထားဖို့ဆိုတာ သတိသံဝေဂ ထားအပ်စရာ တစ်ခုပါပဲ။ ဒီဇာတ်လမ်းမှာလည်း အစွဲအလမ်းတစ်ခုကြောင့် ဒုက္ခရောက်ရတဲ့ အမျိုးသမီးတစ်ယောက်အကြောင်းကို စိတ်ဝင်စားစရာ၊ အံ့အားသင့်စရာ၊ ထိတ်လန့်တုန်လှုပ်စရာ၊ ခံစားမှုတွေနဲ့ ဖတ်ရှုကြရမှာပါ။ ခင်ပွန်းဖြစ်သူ စိုးပိုင် ညဆိုင်းအလုပ်သွားတုန်း ငှားနေတဲ့ အိမ်ကလေးမှာ မီမီဇော်နဲ့ သမီးလေးတို့ပဲ ကျန်ရစ်ခဲ့ကြတယ်။ အဲဒီညမှာပဲ အဝတ်စတစ်ခုကို ကပ်ကြေးနဲ့ ထိုးခွဲညှပ်ဖြတ်နေတဲ့ အသံမျိုး ဆက်တိုက်ဆိုသလို မီမီဇော် ကြားလိုက်ရတယ်။ အနားမှာ အသင့်ထားထားတဲ့ ဝါးရင်းတုတ်ရယ်၊ ဓာတ်မီးရယ်ကို ယူပြီး အသံလာရာဆီ မီမီဇော် ထသွားကြည့်တဲ့အခါ … ဘယ်လို ချောက်ချားစရာ အဖြစ်အပျက်တွေ ဆက်ဖြစ်လာမလဲဆိုတာကို ကျောတခြမ်းခြမ်း ရင်တသိမ့်သိမ့်နဲ့ ဖတ်ကြည့်လိုက်ပါဦးနော်။