ကလဲ့စား

အစိမ်းရောင်

300 Kyats ကျပ်
ကလဲ့စား။ မပြေနိုင်တဲ့ ရန်ငြိုးတွေက လက်ရှိဘဝမှာတင်မဟုတ်ဘဲ တမလွန်အထိ စွဲလမ်းတတ်လေ့ ရှိပါတယ်။ စွဲလမ်းမှုဆိုတာ ချစ်တဲ့စိတ်တစ်ခုတည်းကြောင့်မှ မဟုတ်ဘဲလေ။ မုန်းလို့လည်း စွဲလမ်းတတ်၊ ဒေါသကြောင့်လည်း စွဲလမ်းတတ်၊ ရန်ငြိုးကြောင့်လည်း စွဲလမ်းတတ်တယ် မဟုတ်လား။ ဘယ်လိုကြောင့်ဖြစ်ဖြစ် စွဲလမ်းစိတ် ဆိုတာကတော့ ကောင်းကျိုးထက် ဆိုးကျိုးကိုပဲ ပိုများများစားစား ဖြစ်စေနိုင်တယ်ဆိုတာ ဒီဇာတ်လမ်းမှာ ဖတ်ကြရမှာပါ။ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်မှာ စတင်ခဲ့တဲ့ ချောက်ချားစရာ ဇာတ်လမ်းတစ်ပုဒ်။ မိုးတွေသည်းထန်စွာ ရွာသွန်းနေတဲ့ ညတစ်ည။ ထိတ်လန့်ဖွယ်ရာ အဖြစ်ဆိုးတွေ နိဒါန်းပျိုးစေမယ့် အဲဒီညရဲ့ တဝုန်းဝုန်းတဒိုင်းဒိုင်း ရွာနေတဲ့ မိုးပေါက်တွေကြားမှာ အဘွားဖြစ်သူရဲ့ ကျန်းမာရေးအတွက် စိတ်ပူပြီး အလျှင်စလို ကားမောင်းထွက်လာတဲ့ မိမိနိုင်တစ်ယောက် မိန်းကလေးတစ်ယောက်ကို ကားနဲ့ ဝင်တိုက်မိခဲ့တယ်။ ပြီးတော့ ကိုယ့်ကားနဲ့ တိုက်မိလို့ ဒဏ်ရာအပြင်းအထန်ရသွားတဲ့ မိန်းကလေးကို တာဝန်မယူဘဲ လမ်းဘေးချုံကြားမှာ ပစ်ပြီး ကိုယ့်ခရီး ကိုယ်ဆက်သွားခဲ့တဲ့နောက်မှာ ဘယ်လို ချောက်ချားတုန်လှုပ်စရာ အဖြစ်ဆိုးတွေက မိမိနိုင်ရဲ့ ဘဝကို ကိုင်လှုပ်ဒုက္ခပေးလာမလဲဆိုတာကိုတော့ …