သူမနှင့် ကျွန်တော်

အက်(စ်)နောင်

600 Kyats ကျပ်
ရိုးရိုးအေးအေး ကျောင်းဆရာလေးတစ်ယောက်နဲ့ ပဟေဠိဆန်တဲ့ ကောင်မလေးတစ်ယောက်ရဲ့ တွေ့ဆုံမှု။ လူနှစ်ယောက် ဆုံတွေ့မှုဟာ ထူးဆန်းတဲ့ ကိစ္စမျိုး မဟုတ်ပေမဲ့ ထိန်လင်းဆိုတဲ့ ကျောင်းဆရာလေးအတွက်ကတော့ ဘဝတစ်ခုလုံးကို အပြောင်းအလဲ ဖြစ်သွားစေပါတယ်။ အက်ဆီးဒင့်န်တစ်ခုမှာ ထိခိုက်ဒဏ်ရာရသွားတဲ့ အမည်မသိ မိန်းကလေးတစ်ယောက်ကို ကူညီကယ်တင်ခဲ့တဲ့ ထိန်လင်းတစ်ယောက် ဒီမိန်းကလေးကို ဘယ်ပြန်ပို့ရမယ်မသိ၊ ဘယ်ဆီ ဆက်သွယ်ပေးရမယ် မသိတာကြောင့် ဆေးခန်းပြပြီး အိမ်ကိုပဲ ခေါ်လာခဲ့တယ်။ သားအမိနှစ်ယောက်တည်းနေတဲ့ သူတို့အိမ်ကလေးကို ပဟေဠိဆန်ဆန် လျှို့ဝှက်တတ်တဲ့ မိန်းကလေးတစ်ယောက် ရောက်လာပြီးချိန်မှာ ပုံမှန်အတိုင်း လည်ပတ်နေတဲ့ ထိန်လင်းရဲ့ နေ့စဉ်ဘဝက အရင်နဲ့ လုံးဝကို ခြားနားသွားခဲ့ပါတယ်။ အတိတ်မေ့နေတဲ့ မိန်းကလေးတစ်ယောက်နဲ့ အင်္ဂလိပ်စာသင်တဲ့ ကျောင်းဆရာလေးတို့ရဲ့ လူငယ်ဆန်ဆန် အချစ်ဇာတ်လမ်းလေးက ဖတ်လိုက်မိတာနဲ့ အစကနေ အဆုံးထိ လက်ကမချနိုင်အောင် ဖြစ်သွားစေပါလိမ့်မယ်။