ကမ္ဘာတစ်လွှားမှ ကံကောင်းစေမည့် အဆောင်များနှင့် အစီအရင်များ

ဟိန်းလတ်

800 Kyats ကျပ်
ဘဝဆိုသည်မှာ စီးဆင်းနေသော မြစ်တစ်စင်းကဲ့သို့ပင် တူ၏။ ကံကြမ္မာစက်ဝန်း လည်ပတ်သည့်အတိုင်း လူသားတို့သည် ကံကောင်းမှု မကောင်းမှု လောကဓံတို့ကို ခါးစည်းခံကြရသည်။ ဤစာအုပ်လေးသည် ကံကောင်းခြင်းဆိုင်ရာ အကျိုးအကြောင်းတရားများကို ဖော်ပြထားပေသည်။ အခြားသော စီးပွားရေးကျမ်း၊ တက်ကျမ်းများကဲ့သို့ လေးလေးပင်ပင်နှင့် ဖတ်ချိန်တွင် စာဖတ်သူတို့ အီမသွားရလေအောင် ပုံပြင်ပြောပြနေသကဲ့သို့ ဖတ်၍ကောင်းအောင် ရေးထားပါသည်။ စီးပွားရေးနယ်ပယ်တွင်သာမက ပညာရေး၊ ဘာသာရေး၊ လူမှုရေး၊ ကျန်းမာရေး၊ မေတ္တာရေးနယ်ပယ်များပါမကျန် နယ်ပယ်ပေါင်းစုံတွင် စာဖတ်သူတို့ ကိုယ်တိုင် လက်တွေ့အသုံးချပြီး ကံကောင်းခြင်းများ လက်ဝယ်ပိုင်ဆိုင်နိုင်မည့် နည်းလမ်းများကိုပါ ဖော်ထုတ်ပေးပါသည်။