ငွေလပြည့်ဝန်း ကဗျာစုနှင့် အခြားကဗျာစုများ

ဟိန်းဆက်သွင်

500 Kyats ကျပ်
ကျောင်းပိတ်ရက်တချို့မှာ စာအတူတူကျက်ရင်း၊ မိုးစက်ကလေးတွေကို ငေးဖူးတယ်။ မြေသင်းနံ့တွေကို အတူရှိုက်ဖူးတယ်။ ဖုန်မှုန့်တွေ အလည်မလာသေးခင်ကပေါ့။ မိုးရေထဲ စက်ဘီးအတူစီးခဲ့ကြတဲ့ အမှတ်တရတွေ၊ တချို့ … မြေကြီးထဲ စိမ့်ဝင်၊ တချို့ … ကောင်းကင်ပေါ် အငွေ့ပျံတက်၊ တချို့ … ဘယ်ဆီဘယ်ဝယ် ခရီးနှင်ကုန်ကြသလဲ ငါလည်း မသိတော့ပါဘူး စိမ်းစိမ်းစိုရယ်။ ပြီးတော့ … ငါတို့ဟာ … ရာသီစက်ဝန်းရဲ့ သားကောင်တွေ ဖြစ်ခဲ့။ နှင်းကပွဲ ဇာတ်ရုံထဲက၊ မာဖလာလေးတွေ ဖြစ်ခဲ့။ ကျောင်းလွယ်အိတ် အနားစွန်းက၊ ပိုးကြိုးပန်းပွားလေးတွေ ဖြစ်ခဲ့။ စိန်ပန်းပွင့်တွေ ရှိုက်ကြီးတငင် ငိုကြွေးပြီးတဲ့ နောက်ရက်များမှာပေါ့ စိမ်းစိမ်းစို။