အိပ်မက်သူယောင်ပျို ကဗျာစု

ဟိန်းဆက်သွင်

500 Kyats ကျပ်
...'' သူယောင်ပျို ဒဏ္ဍာရီအလွမ်း၏ နှုတ်ခွန်းဆက်မှာတမ်း '' ရင်မှာငြိလို့ ကြင်နာမိခဲ့ သရွေ့ မင်္ဂလာရှိတဲ့ တစ်နေ့မှာ စတွေ့ကာ နှစ်ကိုယ်ခင်တဲ့ ဟိုအရင် တစ်ရံခါဆီက ဒဏ္ဍာရီဇာတ်လမ်းတစ်ပုဒ်ကို မှတ်တမ်းထုတ်မယ် သူယောင်ပျို။ တွေ့ခဲ့ကြတာ မနေ့တစ်နေ့က မဟုတ်ပါ ဆုပ်ကာ စူးကာ မလှုပ်သာ မလူးသာနဲ့ အရူးပမာ ဘဝပိုင်လို့ ဖူးကာမဝနိုင် အချစ်ပို။ အရယ်အပြုံးတွေက တွယ်မဆုံးအောင် ရင်မှာဖြစ်တော့ ကြင်နာချစ် အသစ်ပွားကာ နှစ်များစွာ မြတ်နိုးလို .... ဇာတ်အဆိုးကို ကြိုမမြင်မိ။ ဒါပေမဲ့ကွယ် .... သူယောင်မယ် သက်ထားမေရဲ့ ပူလောင်ကြွယ် ရတက်ပွားစေဖို့ အဖြူရောင်နယ် တစ်ဖက်ခြားလေတော့ ခက်များခက်ချေပြီ သူမသိ အပူမိအောင် ဒီဘဝဝေးပေမဲ့ သီသမျှတေး အလွမ်းဖြာစေတော့ နီလျစွေး နှုတ်ခမ်းနှစ်လွှာကို ရီမြသွေး မနမ်းသာစေလည်း ညီမလေး ပန်းပမာမွှေးရင်ဖြင့် ဆွေးချင်လည်း ဆွေး ဝေးချင်လည်း ဝေးစေတော့ အတွေးမှာ တမ်းရင်းမပြေ တေးကဗျာ ပန်းခင်းဝေလို့ (သြော် . . . ) လွမ်းချင်းရှည်ခဲ့ပြန်ပါ၏။ ။