သံယောဇဉ် တစ်ခန်းရပ် ကြေညာချက်

ဟိန်းဆက်သွင်

200 Kyats ကျပ်
‘ယုရေ … ကိုယ် … ဝဋ်လည်နေပြီ။ ယုရဲ့ ဖြူစင်တဲ့ ချစ်ခြင်းမေတ္တာကို တန်ဖိုးမထား၊ စိမ်းကားစွာ ဖြတ်တောက်မိခဲ့တဲ့ … ကိုယ်၊ အခုတော့ ကောင်းကောင်းကြီး ဝဋ်လည်နေရပြီ။ ပြုလုပ်ခဲ့စဉ်အခါက ခံစားရသူရဲ့ ဝေဒနာကို၊ ကိုယ် … စာနာနားလည်မတတ်ခဲ့ပေမယ့် တစ်ဖန်ပြန်လည် ခံစားရတဲ့ အချိန်အခါ ရောက်တော့မှ၊ အဲဒီ သောကဆင်းရဲရဲ့ ပြင်းထန်လှတဲ့ ဝေဒနာကို နောင်တနဲ့အတူ ရင်ဆီးခံစား နားလည်တတ်တော့တယ်။ ယုရေ … ဟိုး တစ်ချိန်၊ ကိုယ် ယုအပေါ် သစ်စိမ်းချိုး ချိုးမိခဲ့စဉ်က၊ ယု ဘယ်လိုခံစားရမလဲဆိုတာ ထည့်မတွေးပေးမိခဲ့ဘူး။ ဒါပေမဲ့ ကိုယ်တိုင် ကြုံဆုံလာရပါမှ၊ ယုရင်ထဲ မြင်တတ်ခဲ့ပြီ။ ယုအပေါ် ကိုယ်ချင်းစာတတ်ခဲ့ပြီ။ အဲဒီကာလက, ခွင့်လွှတ်ပါလို့ မတောင်းပန်ခဲ့မိတဲ့ ကိုယ်၊ အခု တောင်းပန်ပါရစေ။ ခွင့်လွှတ်ပေးပါ ယုရေ …’ ဒါကတော့ ဒီဇာတ်လမ်းထဲက ဝဋ်လည်နေသူ ယောက်ျားတစ်ယောက်ရဲ့ နောင်တ ရင်ဖွင့်သံ။ တကယ်တော့ ဝဋ်ကြွေးဆိုတာ အချစ်ရေးမှာလည်း လှလှပပ ဒုက္ခပေးတတ်တဲ့ နာရီလက်တံတစ်လက်ပါပဲ။ သံသရာခရီးမှာ မဆိုထားနဲ့၊ လက်တွေ့ဘဝမှာကို ဒိဋ္ဌဓမ္မ အကျိုးပေးတတ်တဲ့ ဝဋ်ကြွေး။ ပြုသူအသစ် ဖြစ်သူအဟောင်းဆိုပေမဲ့ ကံကြမ္မာ အကြောင်းတရားတွေကတော့ အသည်းနှလုံးကိုလည်း မငဲ့ညှာတတ်ပါဘူး။ ဒီဇာတ်လမ်းမှာတော့ … လောကမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ လူငယ်တွေရဲ့ စိတ်ကစားတတ်ပုံ၊ နှလုံးသားကို ကိုယ်တိုင်လှည့်ဖြားတတ်ပုံ၊ ချစ်သူနဲ့ ရည်းစား ကွာခြားပုံ၊ အသည်းကွဲခြင်းရဲ့ ဝေဒနာကို ကုစားမှုမှာ ဆေးဝါးအတုနဲ့ အစစ် ကွဲလွဲပုံ၊ သူငယ်ချင်းကောင်းရဲ့ စိတ်သဘောနဲ့ ချစ်ခြင်းမေတ္တာကို ဓမ္မနိမိတ်နဲ့ အရိပ်ဖမ်းယူရေးဖွဲ့ထားတဲ့ ဖြစ်ရပ်တွေကို ဖတ်ကြရမှာပါ။ ဒီဝတ္ထုကို မဂ္ဂဇင်းစာမျက်နှာတွေမှာ (၂) ကြိမ်တိုင် ပုံနှိပ်ဖော်ပြခဲ့ပြီး ဖြစ်သလို၊ ပတ္တမြားအက်ဖ်အမ် ရေဒီယိုကနေလည်း အသံလွှင့်ဇာတ်လမ်းအဖြစ် ထုတ်လွှင့်တင်ဆက်ခဲ့ရာမှာ ပရိသတ်အကြိုက်တွေ့ခဲ့တာမို့ မဖတ်ကြရသေးတဲ့ ဝန်ဇင်းစာချစ်သူတွေ ဖတ်ရှုနိုင်ဖို့အတွက် ပြန်လည်တူးဖော် တင်ဆက်လိုက်ပါတယ်နော်။