မျဉ်းပြိုင်များနှင့် စကားစမြည်

ဟိန်းဆက်သွင်

200 Kyats ကျပ်
“ငါ့ ခြင့္လႊတ္မႈကို လိုခ်င္လား။ အေး ... ငါ ခွင့်လွှတ် စေချင်ရင် နင် သေပစ်လိုက်။ နင် သေရင် ငါ ခွင့်လွှတ်မယ်။ မုန်းစိတ်ကို မေ့ပစ်ပေးမယ်။ ဒါပေမဲ့ နင်သိထားရမှာ တစ်ခုက နင် သေရုံမကလို့ မသေမရှင် မျောနေပြီး ဝေဒနာ ပြင်းပြင်းထန်ထန် ခံစားနေရတောင်၊ နင့်အတွက် ငါ ဘာမှ ဝမ်းနည်းနေမယ် မထင်နဲ့၊ စိတ်မကောင်း ဖြစ်နေမယ် မထင်နဲ့” ရင်တွင် မွန်းဆို့ နာနင့်ရ၏။ ရက်စက်သော စကား၊ စိမ်းရောင် ရင့်လေသော လေယူလေသိမ်း၊ တင်းခက် မာထန်သည့် စိတ်နှလုံးဖြင့် ပြောရက် ပြောထွက်လေသည် ဟု သိသည့်တိုင်၊ ဝေးကွာရမည်ကို ထိတ်စိုး မိလေသူမို့ ... “အဲဒီလောက် ပြင်းပြင်း ထန်ထန် မပြောပါနဲ့လား။ ကို တောင်းပန်ပါတယ် သဲရယ်” ဟု ကျွန်တော် ဝမ်းနည်းစွာ အသနား ခံမိသေး၏။ သူ ဟက်ခနဲ ရယ်သည်။ လှောင်ပြောင် ရက်လေခြင်းဟု ရင်ဝယ် ခံစားရမိသော်လည်း မမာသည့်အသည်းကြောင့် မျက်ရည်ရစ်ဝဲမိသေးချေ၏။ “နင် အပိုတွေ လုပ်မနေနဲ့။ သတ္တိရှိရင် သေပစ်လိုက်စမ်းပါ။ ငါ့ကို နင် ချစ်တယ်ဆို။ ချစ်ရင် သေပေးပစ် လိုက်စမ်းပါ။ နင် သေလေ ငါ့အတွက် အေးလေပဲ”မျက်လုံးကို စုံမှိတ်မိ၏။ အာရုံဝယ် အတိတ်က ဖြစ်စဉ်ပျပျတို့ ရိပ်ရိပ်ထင်း ထင်လာသည်။ “ကို ... ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပါကွာ။ ပေပေတေတေ မနေပါနဲ့။ သဲကို ချစ်ရင် သဲပေးတဲ့ အားဆေးတွေ ပုံမှန်သောက်။ ချောင်းဆိုးရင် ပေးထားတဲ့ ချောင်းဆိုး ပျောက်ဆေးကို သောက်။ ဗိုက်အောင့်ရင်လည်း ဆေးတွေ ပေးထားတယ်။ ကိုမသိမှာ စိုးလို့ ဘာဖြစ်ရင် ဘာသောက်ရမယ် ဆိုတာကိုပါ ရေးပေးထားတယ်။ ကိုက သိပ်ပြောရ ခက်တာပဲ”