ပင့္သက္ခါးခါး

ဟိန်းဆက်သွင်

300 Kyats ကျပ်
ဘာကိုမှ အစိုးမရတဲ့ လောကကြီးထဲမှာ ‘စိုး’ ကိုမှ ရယူပိုင်ဆိုင်ချင်မိတဲ့ … စာနယ်ဇင်းဆရာ ကိုလွမ်းနောင်နဲ့ အနုပညာကို မြတ်နိုးချစ်မက်တဲ့၊ ကတိသစ္စာကို တန်ဖိုးထားတတ်တဲ့၊ ရုပ်ရှင်သရုပ်ဆောင် မင်းသမီးလေး … ရွှေအိမ်စိုးစံတို့ရဲ့ ဆွတ်ပျံ့လွမ်းမောဖွယ် အချစ်ဇာတ်လမ်းတစ်ပုဒ်။ နူးညံ့သိမ်မွေ့တဲ့ ချစ်ခြင်းမေတ္တာကို နုသွယ်ပျော့ပြောင်းတဲ့ အရေးအသားတွေနဲ့ ခံစားပုံဖော်ထားတဲ့ ဒီဇာတ်လမ်းမှာတော့ ကိုလွမ်းနောင်နဲ့ စိုးတို့ရဲ့ အိပ်မက်ဆန်ဆန် ဇာတ်ဝင်ခန်းတွေက စာဖတ်သူတို့ရဲ့ နှလုံးသားကို လွမ်းဖျားလွမ်းနာသင့်စေမှာ အမှန်ပါပဲ။ အချစ်ကဗျာ ချိုချိုနုနုလေးတွေနဲ့ တန်ဆာဆင်ပြီး ဇာတ်အိမ်အနိမ့်အမြင့်၊ အတက်အကျ၊ လှပသပ်ရပ်စွာနဲ့ ရေးဖွဲ့ထားတဲ့ ချစ်ခြင်းမေတ္တာဖွဲ့ နှလုံးသားရသ ဝတ္ထုတစ်ပုဒ်မို့ အလွမ်းဓာတ်ခံရှိသူတွေအတွက် ခံစားလို့ကောင်းမှာ သေချာပါတယ်။ ရုပ်ရှင်မင်းသမီးလေးကို စွဲလမ်းချစ်မက်နေမိတဲ့ စာနယ်ဇင်းဆရာ ကိုလွမ်းနောင်အတွက် အနုပညာသတင်းဦးတွေ အမြဲပေးလေ့ရှိတဲ့ ရွှေအိမ်စိုးစံရဲ့ နောက်ထပ် သတင်းဦးတစ်ပုဒ်က ဘာများ ဖြစ်လိမ့်မလဲ၊ အဲဒီသတင်းဦးကို ကိုလွမ်းနောင်တစ်ယောက် ဘယ်လို ခံစားနားထောင်ဖြစ်မလဲ၊ ဘယ်လို သတင်းပြန်ရေးလိမ့်မလဲ ဆိုတာကိုတော့ …