ဂျင်းနီ

ဟိန်းဆက်သွင်

300 Kyats ကျပ်
လူသားတွေမှာပဲ အချစ်ရှိတယ်လို့ ထင်ပါသလား။ တကယ်တော့ လူသားမှာမှ မဟုတ်ပါဘူး။ အခြား သတ္တလောကထဲက တိရစ္ဆာန်လေးတွေရဲ့ ရင်ထဲမှာလည်း အချစ်ဆိုတာ ရှိကြမှာပါ။ အချစ်က သတ္တလောကကြီးတစ်ခုလုံးရဲ့ ဘုံသုံးဝေါဟာရတစ်ခုပဲ မဟုတ်လား။ ဒီအယူအဆကို လူတိုင်းကတော့ လက်ခံချင်မှ လက်ခံနိုင်မယ်။ ဒါပေမဲ့ ဒီဇာတ်လမ်းလေးမှာတော့ လူသားမဟုတ်တဲ့ တိရစ္ဆာန်လေးတစ်ကောင်ရဲ့ ချစ်ခြင်း၊ ဂျင်းနီဆိုတဲ့ သူနဲ့ မျိုးတူ တိရစ္ဆာန်မလေးအပေါ် ထားရှိတဲ့ သံယောဇဉ်နဲ့ မေတ္တာတရားကို လူသားချစ်သူနှစ်ဦးရဲ့ ဖြစ်ရပ်တွေနဲ့ ယှဉ်တွဲပေါင်းစပ်ပြီး ရသဝတ္ထုအနေနဲ့ ပုံဖော်ဖန်တီးထားပါတယ်။ ဒီဇာတ်လမ်းလေးထဲက အဓိကဇာတ်ကောင် တိရစ္ဆာန်လေးက ဘယ်လို မျိုးနွယ်လဲ၊ ဂျင်းနီကရော ဒီကောင်လေးအပေါ် ဘယ်လို သဘောထားလဲ၊ သူတို့နဲ့ ပတ်သက်ဆက်နွယ်နေတဲ့ လူသားချစ်သူနှစ်ဦးရဲ့ အဖြစ်အပျက်ကရော၊ ဘယ်လိုမျိုးများလဲ ဆိုတာကို ဇာတ်လမ်းအဆုံးမှ သိနိုင်အောင် စာရေးသူက စာဖတ်သူကို ပဟေဠိလေး ပေးထားပါတယ်။ သေချာတာကတော့ လူသားချစ်သူနှစ်ဦးနဲ့ တိရစ္ဆာန်လေးနှစ်ကောင်တို့ရဲ့ ကိုယ်စီချစ်ခြင်းတွေက ကြည်နူးစရာ၊ ဝမ်းနည်းစရာ၊ ရင်နင့်စရာ၊ လွမ်းမောစရာ အဖြစ်အပျက်တွေနဲ့ ရက်ယှက်ပြီး ဘဝထဲက အချစ်တွေ၊ အချစ်ထဲက ဘဝတွေကို လွမ်းတသသ ဖတ်ကြရမယ့် စိတ်ဝင်စားစရာ အချစ်ပုံပြင်လေးတစ်ပုဒ်ပါပဲ။