လက်တွေ့အသုံးချ ဆေးနည်းတိုများ

ဟိန်း(ဘူမိ)

700 Kyats ကျပ်
အာရောဂျံ ပရမံလာဘံ ဆိုတဲ့ စကားအတိုင်း၊ ကျန်းမာရေးဟာ လူသားတွေအတွက် အလွန်အရေးကြီးတဲ့ အချက်တစ်ချက် ဖြစ်တယ်ဆိုတာ အားလုံးသိပြီးသား ဖြစ်မှာပါနော်။ ဒီနေ့ခေတ်မှာ (၉၆) ပါး ရောဂါသာမက အရင်က မကြားဖူးတဲ့ ရောဂါအသစ်တွေက ခေတ်အသစ်နဲ့ တစ်ပြေးညီ အပြိုင်ဝင်ရောက်လာနေကြတဲ့ အချိန်လည်း ဖြစ်ပါတယ်။ ဒီစာအုပ်မှာ ပါဝင်တဲ့ ဆေးနည်းတိုတွေက မြန်မာ့ဆေးနည်းတိုတွေတင်မကဘဲ နိုင်ငံတကာက ဆေးနည်းတိုတွေကိုပါ စာရေးသူ ဆရာဟိန်း (ဘူမိ) က လပေါင်းများစွာ လေ့လာ ပြုစုပြီး ကမ္ဘာ့ဆေးနည်းတို၊ မြန်မာ့ဆေးနည်းတိုတွေကို ရောစပ်ဆန်းစစ် ရေးသားထားပါတယ်။ လူတိုင်း ကြားဖူးသိဖူး အသုံးပြုဖူးနေကျ ဆေးနည်းတိုတွေချည်းမဟုတ်တဲ့ လက်တွေ့သက်သာပျောက်ကင်းစေနိုင်မယ့် ဆေးနည်းတိုတွေကို အချိန်ယူလေ့လာ ရေးသားထားတာမို့ စာချစ်သူတွေအတွက် အကျိုးရှိစေမယ့် စာအုပ်လေးပါနော်။