ရွှေရောင်ပျောက်သောနေ့

ဟယ်ရီဇော်

500 Kyats ကျပ်
ကမ္ဘာ့နေရာအနှံ့အပြားမှာ ထူးခြားဆန်းပြားတဲ့ နေရာအမျိုးမျိုးဟာ အကြောင်းအမျိုးမျိုးနဲ့ တည်ရှိနေလေ့ရှိပါတယ်။ သဘာဝလွန် ဖြစ်ရပ်ဆန်းတွေ၊ ဂမ္ဘီရ ဆန်းကြယ် ဖြစ်ရပ်တွေဟာလည်း နိုင်ငံအနှံ့မှာ စိတ်ဝင်စားဖွယ် အခြေအနေ အမျိုးမျိုးတို့နဲ့ တည်ရှိခဲ့ကြပါတယ်။ ဒီလိုပါပဲ ... မြန်မာနိုင်ငံရဲ့ တိုင်းနဲ့ ပြည်နယ် အသီးသီးမှာလည်း ထူးခြားဆန်းပြားပြီး စိတ်ဝင်စားစရာကောင်းတဲ့ နေရာဒေသတွေ အများကြီး ရှိပါတယ်။ ဒီလို ထူးခြားဆန်းပြားပြီး စိတ်ဝင်စားစရာကောင်းတဲ့ မြန်မာနိုင်ငံရဲ့ နေရာဒေသများစွာထဲမှာမှ အခု မိတ်ဆွေတို့ ဖတ်ရှုကြရမယ့် ဝတ္ထုဇာတ်လမ်းကတော့ ရခိုင်ပြည်နယ်မှာ တည်ရှိတဲ့ ဂူတောင် ကန်တောင် ဆိုတဲ့ နေရာမှာ ကြုံတွေ့ရတဲ့ ထူးခြားဆန်းကြယ်တဲ့ ဖြစ်ရပ် အကြောင်းအရာတွေကို ရေးသားထားတာပဲ ဖြစ်ပါတယ်။ ဘယ်လောက်အထိ စိတ်ဝင်စားစရာ ကောင်းမလဲ၊ ဘယ်လို ထူးခြားမှုတွေ ဖြစ်ပျက်ခဲ့သလဲ ဆိုတာကိုတော့ ရွှေရောင်ပျောက်သောနေ့ ဆိုတဲ့ ဒီစာအုပ်မှာ ဖတ်ကြည့်နိုင်ပါပြီနော်။