အိမ္မက္မွ်ားသူ

သျှိုး

700 Kyats ကျပ်
သောကတွေနဲ့ စည်ကားနေတဲ့ ကျူးကျော်ရပ်ကွက်ကလေးထဲက နေ့တစ်နေ့။ စည်ပင်အပိုင်ဖြစ်လို့ ဖယ်ရှားခံရတဲ့ ရပ်ကွက်ကလေးထဲက မိသားစုတစ်စု။ ကံဆိုးမသွားရာ မိုးလိုက်လို့ရွာ ဆိုသလို ကံဆိုးမှုအပေါင်း သရဖူဆောင်းနေတဲ့ မိသားစုထဲက ဖြူဖြူနုနု တသွေးတမွေး လှပတဲ့ မြဝါးရုံ ဆိုတဲ့ ကောင်မလေးဟာ ဆင်းရဲပေမဲ့ ရှိသင့်တဲ့မာနရှိတဲ့ မိန်းကလေး တစ်ယောက်ပါပဲ။ ဇိမ်ခံကားအကောင်းစားပေါ်က မောက်မောက်မာမာ အမျိုးသမီးကို ရွှံ့အိုင်ထဲ တွန်းလှဲရဲတဲ့ သတ္တိနဲ့ မိန်းမလှလေး မြဝါးရုံတစ်ယောက်၊ နေတံခွန်ဆိုတဲ့ ယောက်ျားနဲ့ ဆုံတဲ့အခါမှာ၊ နှလုံးသားက တင်းမာနိုင်မလား၊ ကျရှုံးရလေမလား။ နေတံခွန်ရဲ့ မိခင် ဒေါ်ခေမီမြတ်ကျော်နဲ့ မြဝါးရုံတို့ ထိပ်တိုက်တိုးတဲ့အခါ … ဘယ်လို အခြေအနေတွေ ဖြစ်လာမလဲ ဆိုတာတော့ … ။