ကေဝခ်ိဳးတဲ့ ဖဲ

သျှိုး

700 Kyats ကျပ်
အနုပညာရပ်ဝန်းထဲ၊ အထူးသဖြင့် သက်ရှိအလှတရားတွေနဲ့ နွယ်ယှက်နေတဲ့ အနုပညာဝန်းကျင်မှာ ဖြစ်လေ့ရှိတဲ့ ဇာတ်လမ်းလေးတစ်ပုဒ်သာ ဖြစ်ပါတယ်။ ထူးခြားတာက အိမ်ထောင်ရေးအဆင်မပြေလို့ တွယ်ငြိစရာကို ပြင်ပမှာ ရှာဖွေ နှလုံးဖြေရတဲ့ ယနေ့အနုပညာဝန်းကျင်ထဲက ကြားဖူးနေကြ အဖြစ်အပျက်တော့ မဟုတ်ပါဘူး။ အောင်မြင်နေတဲ့ ကြော်ငြာဒါရိုက်တာ ဓာတ်ပုံဆရာတစ်ယောက်အတွက် မိန်းမလှလေးတွေ ဝန်းခနေမှာက ဓမ္မတာပါ။ ချစ်စဖွယ်သားသမီးနဲ့ လှပကျော့ရှင်းတဲ့ ဇနီးကောင်းတစ်ယောက်ကို ပိုင်ဆိုင်ထားတဲ့ သူတစ်ယောက်အတွက်တော့ ဒီအလှအပတွေဟာ အိမ်ပြန်ချိန်စောင့်မျှော်နေတဲ့ ချစ်ခြင်းမေတ္တာ အပြုံးမျက်နှာတွေလောက် စွဲမက်ဖွယ်မကောင်းခဲ့ပါဘူး။ ဒါပေမယ့် တစ်ချိန်တစ်ခါ တစ်ကွေ့မှာတော့ မမျှော်လင့်ထားတဲ့ ဧည့်သည်ဆိုးလို ဘဝထဲကို ဝင်ရောက်မွှေနှောက်လာတဲ့ အလှမုန်တိုင်းကြောင့် ကြံ့ကြံ့ခံထားနိုင်ခဲ့တဲ့ အလိုရမ္မက်တွေက စီးမျောလာတဲ့အခါမှာတော့ …. ။ ကဝေချိုးတဲ့ ဖဲချပ်ဟာ အချစ်ရဲ့ အခြားစာမျက်နှာ တစ်ဖက်ကို လှစ်ဟပြပါလိမ့်မယ်။