မေသော်တာနှင့် တစ်ခါက မြတ်စောမာလာ

သျှား

600 Kyats ကျပ်
"ကဲ မြေးနင်ဒီမှာတော့ နှစ်တစ်ရာ အကျဉ်းကျခံဦးရမယ် ... အဘ အခြေအနေ ရရင် ရသလို လာတွေ့ ပါ့မယ်" သူမကို အကျဉ်းချထား မည့် ဂူထဲသို့ အဘကိုယ်တိုင် လိုက်ပို့ပေးသည်။ တာရာ၏ ပတ်ပတ်လည်တွင် အချုပ် အင်းတော်များ ရေးဆွဲ၍ အထပ်ထပ် စည်းချကာ အဘကိုယ်တိုင် အကျဉ်းချထားပေးသည်။ "အဘ သမီးကို တစ်ယောက်တည်း ပစ်မထားပါနဲ့ နော် ခဏ ခဏ လာတွေ့နော်" "အေးပါ တာရာရယ် နင်တော်တော် မိုက်တာပဲ ငါဒီလောက် အတန်တန် ပြောဆို ဆုံးမထားရဲ့ နဲ့ လူကိစ္စတွေကို ဘာလို့ သွားစွက်ဖက်ရတာလဲ အဘိုးတို့နဲ့ သူတို့ တွေဟာ ဘဝ ချင်း ခြားခဲ့ပြီလေ ငါ့မြေးရယ်" "အဘိုး..အဘိုးက ဘာလို့ ဒီအကြောင်းတွေကို မေ့ထားနိုင်ရတာလဲ အဘိုးလည်း အရင်တုန်းက ဒီမြေရယ် ဒီတောင်တန်းတွေရယ်ကို အရမ်းချစ်ခဲ့တာပဲမလား" အဘိုး သက်ပြင်းရှည်ကို ချရင်းတာရာ့ကို ကြည့်သည်။