မေသော်တာနဲ့ ကျောပေါက်သရဲ

သျှား

200 Kyats ကျပ်
ကျောပေါက်သရဲ ဆိုတဲ့ နာမည်နဲ့ သရဲပုံပြင်တွေကို ကျွန်တော်တို့ ကလေးဘဝအရွယ်က လူကြီးသူမတွေ ပြောပြတာတို့၊ ကလေးအချင်းချင်း ပြန်ပြောင်းပြောဆိုကြတာတို့၊ ကျောင်းခန်းထဲက ဆရာ ဆရာမတွေ ပြောပြတာတို့ကြောင့် နားရည်ဝအောင် ကြားခဲ့ဖူးပါတယ်။ တကယ်တော့ ဒီအဖြစ်အပျက်က (၁၉၉၀) ခုနှစ် ပတ်ဝန်းကျင်လောက်က အမှန်တကယ် ဖြစ်ပွားခဲ့ဖူးတဲ့ သွေးပျက်ချောက်ချားစရာ ဖြစ်ရပ်မှန် ဇာတ်လမ်းတစ်ပုဒ်ပါပဲ။ ကျောပေါက်သရဲ ဆိုတာ ဘယ်လိုလဲ၊ ဘယ်လို ခြောက်လှန့်တတ်သလဲ၊ ဘယ်လို ဆိုးရွားတဲ့ ဖြစ်ရပ်မျိုးလဲ။ စိတ်ဝင်စားစရာကောင်းတဲ့ ဇာတ်လမ်းတစ်ပုဒ်ပါပဲ။ ဖြစ်ရပ်မှန်ဇာတ်လမ်းမို့ နာမည်တွေ လွှဲပြီးတော့ စာရေးသူက ရေးသားထားပါတယ်။ အဓိကဇာတ်ကောင် မေသော်တာတစ်ယောက် ကျောင်းပြီးလို့ လုပ်ငန်းခွင်ဝင်တဲ့အချိန်မှာ ရန်ကုန်၊ ဝိုင်အိုင်တီကျောင်းဝင်းထဲ နေစရာနေရာရပြီး အလုပ်ရခဲ့ပါတယ်။ ဒီကျောင်းဝင်းကြီးထဲမှာ ဖြစ်ပွားခဲ့တဲ့ တုန်လှုပ်ထိတ်လန့်စရာ အဖြစ်ဆိုးတွေကို ကျောတအေးအေး၊ သွေးတလန့်လန့် ဖတ်ကြရမယ့် ဇာတ်လမ်းမို့ ပရလောက ဇာတ်လမ်းကောင်းကောင်း ဖတ်ချင်သူတွေအတွက်တော့ လက်လွတ်မခံသင့်တဲ့ စာအုပ်တစ်အုပ်ပါခင်ဗျ။