ရွှေနဲ့ မြသား ဂဟေထား၍

သျှင်မ

900 Kyats ကျပ်
ဦးမြတ်တင်နဲ့ ဒေါ်နွေးနွေးတို့ဟာ ငယ်ချစ်တွေပေမဲ့ မပေါင်းခဲ့ရတဲ့ ချစ်သူတွေပေါ့။ ဦးမြတ်တင်ဇနီးဆုံးပြီးနောက်ပိုင်း ဒေါ်နွေးနွေးရဲ့ ခင်ပွန်းလည်း ဆုံးသွားခဲ့တော့ ငယ်ချစ်တွေ ပြန်တွေ့ချိန်မှာ လက်ထပ်ဖြစ်ခဲ့ကြတယ်။ ဦးမြတ်တင်မှာ ဆေးသားညီဆိုတဲ့ သားတစ်ယောက် ရှိတယ်။ ဆေးသားညီက ဆိုးတယ်။ ဦးမြတ်တင်နဲ့ သားအဖချင်း ဘယ်တုန်းကမှ အဆင်ပြေပြေ မရှိခဲ့ဘူး။ ဒါ့အပြင် မိထွေးဖြစ်လာတဲ့ ဒေါ်နွေးနွေးနဲ့လည်း အဆင်မပြေပါဘူး။ ဒေါ်နွေးနွေးကတော့ မိထွေးပေမဲ့ သားအရင်းလို သဘောထားပြီး ဆေးသားညီ ဘာပြောပြော ဘယ်လိုပြုမူပြုမူ အပြစ်မတင်ခဲ့ဘူး။ ဇာတ်လမ်းက ဖတ်လို့ တော်တော်ကောင်းတယ်ခင်ဗျ။ ဦးမြတ်တင်တို့ သားအဖချင်းရဲ့ အဆင်မပြေမှု နောက်ကွယ်မှာလည်း လျှို့ဝှက်ချက်တွေ ရှိနေသေးတယ်။ ကဲ ... ဖတ်ကြည့်ပါဦး။