အချစ်၏ ဖလှယ်ရဂုဏ်သတ္တိ

သျှင်မ

900 Kyats ကျပ်
အမေဖြစ်သူရဲ့ အုပ်ထိန်းမှုအောက်မှာ ပြားပြားဝပ်နေရတဲ့ ရေပြင်ညီဆိုတဲ့ ယောက်ျားလေးတစ်ယောက်နဲ့ ပွင့်လင်းတဲ့ မိသားစုဘဝထဲမှာ ကြီးပြင်းလာတဲ့ အနှစ်ဆိုတဲ့ မိန်းကလေးတစ်ယောက်တို့ စတင်ဆုံဆည်းမှုကနေ ဒီဇာတ်လမ်းလေးကို စတင်မွေးဖွားခဲ့ပါတယ်။ စတင်ဆုံဆည်းမှုမှာပဲ အနှစ်ရဲ့ ‘ပွင့်လင်းမှု’ နဲ့ ရေပြင်ညီရဲ့ ‘သိမ်မွေ့မှု’ က ဒီဇာတ်လမ်းမှာ လူချင်းလွဲနေ တဲ့ ဇာတ်ကောင်စရိုက်အဖြစ် စာဖတ်သူကို ဆွဲဆောင်ထားတာပါ။ ဒီလိုနဲ့ပဲ ပွင့်လင်းတဲ့ အနှစ်၊ သိမ်မွေ့ပြီး အမေ့စကားရိပ် အောက်မှာ မွန်းကျပ်နေရတဲ့ ရေပြင်ညီတို့ရဲ့ အချစ်ဇာတ်လမ်းလေးကို သျှင်မက ဘယ်လို ရသမြောက်မြောက်၊ အချစ်ခံစားမှု မြူးကြွကြွနဲ့ ရေးဖွဲ့ထားလဲဆိုတာ ဖတ်ရှုကြည့်လိုက်ကြပါဦး။