ဟစ်တိုင်

သျှင်မ

900 Kyats ကျပ်
ဒီ ဝတ္ထုကို စဖတ်ဖို့ စာမျက်နှာ စလှန်လိုက်ကတည်းက မမျှော်လင့်ထားတဲ့ ဇာတ်လမ်းနဲ့ ပက်ပင်းတိုးမိတယ်။ လူနှစ်ယောက်ကို လက်တုံ့ပြန် သတ်ဖြတ်ပြီး ရဲစခန်းကို ကိုယ်တိုင် လာရောက်ဝန်ခံတဲ့ ‘ဒေါင်းနီ’ ဆိုတဲ့ အမျိုးသမီးက စာဖတ်သူရဲ့ အာရုံကို ဆွဲအားကောင်းတဲ့ သံလိုက်တခုလို ညှို့ယူထားတယ်။ ဒေါင်းနီ ဘာတွေ ဖြစ်ခဲ့တာလဲ ? ဒေါင်းနီက ဘာကြောင့် အဲ့ဒီလောက် ပြတ်သားရဲဝင့် နေရတာလဲ ? သျှင်မရဲ့ တခြား လက်ရာတွေနဲ့ မတူတဲ့ ထူးခြားမှု တခုကတော့ ဒီဝတ္ထုဟာ စာရေးသူ နေထိုင် ကြီးပြင်းခဲ့တဲ့ ‘ဆင်ဖြူကျွန်းမြို့’ ကို နောက်ခံထားတဲ့ အချက်ပါပဲ။ ပြီးတော့ ဒီစာအုပ်ဟာ မြန်မာ့လူ့အဖွဲ့အစည်းထဲက အဖိနှိပ်ခံ အမျိုးသမီးတွေရဲ့ လွတ်လပ်ခွင့်နဲ့ တရားမျှတမှု ဘက်ကနေ ရပ်တည်ထားတဲ့ စာအုပ်။ သျှင်မရဲ့ ရင်ထဲက ဆန္ဒတွေဟာ ဒီဝတ္ထုထဲမှာ ဘယ်လောက်ထိ ရောင်ပြန် ဟပ်နေမလဲ ?