နေလိုအချစ် မာနသစ္စာ

သျှင်မ

900 Kyats ကျပ်
အချစ်ဦးကို မြေးဦးရတဲ့အထိ မမေ့နိုင်ဘူးဆိုတဲ့ စကားအတိုင်း ငယ်ချစ်ဦးဖြစ်ခဲ့ကြတဲ့ ‘ခင်သက်နှင်း’ နဲ့ ‘ခန့်တည်’ တို့ဟာ မဖြောင့်ဖြူးခဲ့တဲ့ အချစ်ခရီးမှာ အလွမ်းတွေကို ကမ္ပည်းတင်လို့ ချစ်လျက်နဲ့ ကွေကွင်းခဲ့ကြသူတွေပါ။ တစ်ချိန်ကတော့ လူကြီးမိဘတွေ သဘောမတူလို့ ဝေးခဲ့ရ၊ အခုများတော့ သားသမီးတွေက မကြည်ဖြူလို့ ရှေ့တိုးရ ခက်နေတဲ့ အခြေအနေ။ ဦးခန့်ထည်ရဲ့ တစ်ဦးတည်းသော သား ‘ဒီဂရီ’ က မာနခပ်ကြီးကြီး၊ ဒေါက်တာခင်သက်နှင်းရဲ့ တစ်ဦးတည်းသောသမီး ‘အရှုံးမဲ့’ ကလည်း ခပ်ရွတ်ရွတ်။ အချစ်ဇာတ်လမ်းသက်သက်တင်မဟုတ်ဘဲ ဆရာမသျှင်မရဲ့ ဟန်အတိုင်း နောက်ခံ အသိုင်းအဝိုင်း ဇာတ်လမ်း အကွေ့အကောက်တွေနဲ့အတူ ရင်ခုန်စိတ်လှုပ်ရှားဖွယ် အလှည့်အပြောင်းတွေနဲ့ စာဖတ်ပရိသတ် လုံးဝ အကြိုက်တွေ့သွားမယ့် အချစ်ဝတ္ထုသန့်သန့်လေးတစ်ပုဒ်ပဲ ဖြစ်ပါတယ်။