အလွမ်းများရဲ့နောက်တစ်မျက်နှာ

သျှင်မ

900 Kyats ကျပ်
...အချစ်ရဲ့ နောက်တစ်မျက်နှာမှာ အမုန်းဆိုတာ ရှိတယ်။ အချစ်နဲ့ အမုန်းကြားမှာ စည်းပါးပါးလေးပဲ ခြားတယ်လို့ ပြောကြတယ်။ တကယ်တော့ အချစ်ရဲ့ နောက်တစ်မျက်နှာမှာ အမုန်းအပြင် အလွမ်းလည်း ရှိပါသေးတယ်။ အလွမ်းဆိုတာ အချစ်ရဲ့ ကိုယ်ပွားလေးလို့တောင် ပြောလို့ရတယ်။ ဒီစာအုပ်ကတော့ အဲ့ဒီ ကိုယ်ပွားလေးရဲ့ ဇာတ်လမ်းကို ဖတ်ရမှာပါ။ ကိုယ့်ကိုယ်ကို သေချင် သေပါစေတော့ ဆိုပြီး စိတ်ဒဏ်ရာတွေနဲ့ ရှင်သန်နေနေတဲ့ မိန်းကလေးတစ်ယောက်ရဲ့ ဘဝကို ဘယ်လို အရာကများ အပြောင်းအလဲ ဖြစ်စေနိုင်မယ် ထင်ပါသလဲ ? အဲ့ဒီ မိန်းကလေးအတွက်ဆိုရင် အလွမ်းများရဲ့ နောက်တစ်မျက်နှာဟာ ဘယ်လို စာမျက်နှာမျိုး ဖြစ်နေလဲ ဆိုတာကို ဇာတ်လမ်း ဇာတ်အိမ် ကောင်းကောင်းနဲ့ ဖတ်ရှု ခံစားရမှာပါ။