သုံးလွန်းတင်ပျို့

သျှင်မ

1000 Kyats ကျပ်
...“ဆင်းရဲသားတွေ ဘယ်လောက်ပေးဆပ်နိုင်သလဲ ကျွန်မ မသိဘူး။ ဆင်းရဲသားတွေအကြောင်း စိတ်လည်း မဝင်စားဘူး။ ရှင့်အတွက် လွှင့်ပစ်လိုက်ရင်လည်း ဖြစ်တယ်။ ဖမ်းဆုပ်လိုက်ရင်လည်း အသာလေးပဲ။ ဘာလို့လဲဆိုတော့ တန်ဖိုးဆိုတာကို ရှင်မှ နားမလည်တာ” - မင်းမာလာ ‘ရှင့်ဘာသာ သားရှင်ဖြစ်ဖြစ် နွားရှင်ဖြစ်ဖြစ်၊ ကိုယ်မွေးထားတာ ကိုယ်ပိုင်အောင်လုပ်၊ မပိုင်တဲ့သူ နောက်ဆုတ်ရပ်နေရုံပဲ” - နှင်းဟေမာန် “သည်းခံတယ် ဆိုတာလည်း အတိုင်းအတာ ရှိတယ်။ အဲဒီမှာ မင်းအမေကြောင့် ကျဆင်းခဲ့တဲ့ မောင့်ရဲ့ သိမ်ငယ်မှုတွေ၊ မောင့်ဂုဏ်သိက္ခာတွေ ဘယ်မှာလဲ၊ မောင်တို့ တစ်ဖက်သတ်တည်း ပေးဆပ်နေကြတာ မဟုတ်ဘူးဆိုတာ မင်း နည်းနည်းတော့ နားလည်သင့်တယ်” - မင်းခခြံရံ “စော်ကားတယ်ပြောလည်း ဂရုမစိုက်ဘူး။ လေးစားထိုက်သူကိုပဲ လေးစားမယ်။ သမီး ရိုသေလေးစားခဲ့တဲ့ သမီးရဲ့ ယောက္ခမကို အိပ်ရာထဲ ဗုန်းဗုန်းလဲအောင် လုပ်နိုင်ခဲ့တဲ့အတွက် အမေ့မှာ ဗီလိန်ဇာတ်ရုပ်အပြင် လေးစားလောက်စရာ ဘာမှ မရှိဘူး” - အပြာရောင်နှင်း