မုန်းလို့မရတဲ့ရာသီ

သျှင်မ

900 Kyats ကျပ်
လူတစ်ယောက်အတွက် ကံဆိုးမှုဆိုတာ အကျိုးပေးပြီဆိုရင် အုပ်စုဖွဲ့ ဝင်လာတတ်ပါတယ်။ ဒီဇာတ်လမ်းမှာ ကံဆိုးတာက ဂီတဆိုတဲ့ မိန်းမချောလေးပေါ့။ ကြည့်ဦး။ ဘဝကို မိမဲ့ဖမဲ့ ရှင်သန်လာရပြီး ကိုယ့်အားကိုယ်ကိုး ရုန်းကန်လာခဲ့ရတာ ဘွဲ့ရတဲ့အထိ။ ချစ်သူရှိပြန်တော့လည်း ချစ်သူက ချစ်ပေမဲ့ ချစ်သူရဲ့ မိသားစုက မလိုလား။ မြင့်မားဆိုတဲ့ ချစ်သူကို အားကိုးချင်စိတ်နဲ့ မဟုတ်ဘဲ ချစ်စိတ်တစ်ခုတည်းနဲ့ လက်ထပ်လိုက်တဲ့ ဂီတရဲ့ ဘဝက ချစ်သူစုံတွဲတွေရဲ့ မင်္ဂလာဦး ရင်ခုန်မှုကိုတောင် မရရှိခင်မှာပဲ ကံဆိုးမှုတွေ အလုံးအရင်း ထပ်ဝင်လာပြန်တယ်။ မင်္ဂလာဦးညမှာ ညီဖြစ်သူရဲ့ ပြဿနာကို ဖြေရှင်းဖို့ စိုးရိမ်တကြီး ညီငယ်နောက် လိုက်သွားခဲ့တဲ့ မြင့်မားခမျာ ကားအက်ဆီးဒင့်န်ဖြစ်ပြီး ပွဲချင်းပြီး သေဆုံးသွားခဲ့တော့ ပူပူနွေးနွေး မင်္ဂလာဦးမှာတင် မုဆိုးမလေး ဖြစ်ခဲ့ရရှာတဲ့ ဂီတ။ ကံဆိုးမသွားရာ မိုးလိုက်လို့ရွာဆိုသလို မြင့်မားရဲ့ မိသားစုက မကြည်ဖြူတဲ့ အတွက် ဂီတတစ်ယောက် ယောက္ခမအိမ်ကနေ ဆင်းရပြန်ပါတော့တယ်။ ဒီလိုနဲ့ … ဘာတွေဆက်ဖြစ်မလဲ ဆိုတာကတော့။