မမကိုချစ်တယ်

သျှင်မ

900 Kyats ကျပ်
ဇာတ်လမ်းလေးကို မပြောခင် တစ်ခုတော့ ကြိုပြောထားချင်ပါတယ်။ “မမကို ချစ်တယ်” တဲ့။ ဒီဇာတ်လမ်းလေးများ ဖတ်ပြီးသွားကြရင် ဆယ်ကျော်သက်အရွယ် ကောင်လေး အတွက်တော့ ပတ်ဝန်းကျင်မှာ အရင်က သတိမပြုမိခဲ့တဲ့ “မမ” တို့ရဲ့ အလှတရားကို ရင်ခုန်သွားကြရင်ဖြင့် “မမကို ချစ်တယ်” ဖြစ်သွားနိုင်တယ် ဆိုတာပါပဲ။ မမကလည်း လှတယ်လေ။ လှတယ်ဆိုပေမယ့် ဆက်ဆီကျကျ ဟို ”မမလု” တို့လို အလှမျိုးတော့ မဟုတ်ဘူးပေါ့။ အသားလေးကိုက ညိုစိမ့်စိမ့်နဲ့ ထူခဲမည်းနက်နေပြီး အဖျားရှူးသွယ်ဆင်းသွားတဲ့ မျက်ခုံးတန်းနဲ့ နှာတံလုံးလုံးလေးကြားက မျက်ဝန်းလေးများ ကြည့်ခံလိုက်ရရင်၊ ထောင့်ချိုးညီ အပေါ်အနားသားတွေက မသိမသာလေးကော့နေတာမို့ ထူထော်ထော် နှုတ်ခမ်းတစ်စုံရဲ့ ရွှန်းစိုမှုကို ငေးစိုက်မိရင် ရင်ထဲမှာ သာသာညင်းညင်း လှုပ်ခတ်သွားစေမယ့် အလှမျိုး။ အင်း ... ပြီးတော့ဖြင့် ဘော်ဒီစထရပ်ချာက “မမသင်ဇာ” ထက်တောင် အလုံးအဝန်း အမို့အမောက်လေးတွေ ပိုမလားပဲ။ ဒီလိုဆိုတော့ ကိုယ့်ရှေ့မှာများ သို့ကလို မမတစ်ယောက်ကို မြင်မိရင် ရင်တွေဖိုသွားမှာကတော့ သေချာတယ်။ ဒါပေမယ့် မမညွှန်းက.. ။ ဟုတ်တယ်၊ မမညွှန်းက ယောက်ျားတွေကို စိတ်ဝင်မစားအားအောင် အောင်မြင်နေတဲ့ လုပ်ငန်းရှင်ပညာတတ်တစ်ယောက်။ ဆက်ဆံရခက်တဲ့ အပျိုကြီးတစ်ယောက်ပေါ့လေ။ လောကဓမ္မတာကတော့ဖြင့် ရှောင်လို့ ခက်သားပဲ။ မမညွှန်းရဲ့ ဘဝထဲကို တစ်ချိန်ထဲမှာလိုပဲ ဝင်ရောက်ပတ်သက်လာတဲ့ ယောက်ျားသားတွေ။ ဒီိလိုနဲ့ မမညွှန်းတစ်ယောက် အချစ်ကို သိလိုက်ချိန်မှာ ဘယ်ယောက်ျားပျိုလေးကများ သူမဆီကို ချစ်ခြင်းတရားကို ယူဆောင်လာခဲ့မှာလဲ။