ဒီဇင်ဘာနေ့စွဲ

သျှင်မ

900 Kyats ကျပ်
လူဆိုတာက ဘယ်လိုလူစားမျိုးပဲဖြစ်ဖြစ် ချစ်ခြင်းတရားကို ခံစားထိတွေ့တတ်ကြသူချည်းပါပဲ။ ‘နေ့စွဲ’ ဆိုတဲ့ လူပေလူတေ လူဆိုးလူမိုက်တစ်ယောက်ဟာလည်း လူထဲက လူတစ်ယောက်ပါပဲ။ ပြေးရင်းလွှားရင်း ဆုံတွေ့ခဲ့ရတဲ့ မိန်းမပျိုလေး (နာမည်က ‘ပန်းချီ’ပါ) တစ်ယောက်ကို ချစ်သွားမိတာကလည်း မဆန်းပါဘူး။ ဒါပေမယ့် အချစ်ဆိုတာက အချိန်သင့်အခါသင့် ရောက်ချင်မှ ရောက်လာတတ်တာမျိုးပါ။ ဒီဇင်ဘာဆိုတာ ဆောင်းနဲ့နှင်း။ မာယာများတတ်တဲ့ သဘာဝပေါ့။ ဒီဇာတ်လမ်းဟာလည်း မာယာအတတ်နဲ့ ဇာတ်ကောင်ရဲ့သရုပ်ကို ဝှက်ထားတယ်လို့ ဆိုရပါမယ်။ အဲဒီဝှက်ထားတဲ့ ဇာတ်ကောင်သရုပ်ဟာ ‘နေ့စွဲ’ ဆိုတဲ့ ပေပေ တေတေ လူငယ်လား၊ ‘ပန်းချီ’ ဆိုတဲ့ သာယာချမ်းမြေ့တဲ့ ဘဝကို ပိုင်ဆိုင်ထားတဲ့ ခေတ်ရဲ့သမီးပျိုလေးလား။ ဒါမှမဟုတ် သူတို့နှစ်ဦးရဲ့ ကံကြမ္မာစေစားရာလား။ ဒါဟာ အင်မတန် စိတ်ဝင်စားဖွယ်ကောင်းလောက်အောင် ဒီဇင်ဘာရဲ့ မာယာ အတတ်နဲ့ လိုက်ဖက်လှတဲ့ လျှို့ဝှက်ခြင်းတစ်ခုပါ။