ဆုံမှတ်တို့ရဲ့အလင်္ကာ

သျှင်မ

900 Kyats ကျပ်
မိဘတွေရဲ့ အဆင်မပြေမှုက သားသမီးတွေရဲ့ ငယ်နုတဲ့ နှလုံးသားကို အဖျားခတ် ဒဏ်ရာသင့်စေတတ်ပါတယ်။ ဒီဇာတ်လမ်းထဲက ဒီလေးဆိုတဲ့ ကောင်မလေးက ချောမောလှပတာ မဟုတ်ပေမဲ့ ချစ်စဖွယ်ကောင်းတဲ့ ပုံဟန်အမူအရာလေးနဲ့ ကောင်မလေး။ ရယ်လိုက်ရင် ပါးချိုင့်လေးနဲ့ ကလေးဆန်ဆန်လေး။ ဒါပေမဲ့ ဒီလေးက ဘယ်ယောက်ျားကိုမှ မချစ်ဘူး။ မချစ်တဲ့အပြင် ယောက်ျားဆိုတဲ့ အသံကြားတာနဲ့ မုန်းတီးစိတ်၊ ဒေါသစိတ်တွေ ဖြစ်လာတဲ့အထိပဲ။ ဘာကြောင့်လဲဆိုရင် ဒီလေးရဲ့ ဖေဖေနဲ့ မေမေဟာ ဒီလေးငယ်ငယ်ကတည်းကနေ အရွယ်ရောက်တဲ့အထိ ရန်မဖြစ်တဲ့နေ့ရယ်လို့ မရှိအောင် ဖြစ်ခဲ့ကြလို့ပဲ။ အဲဒီရန်ပွဲတွေရဲ့ အကြောင်းအရင်းကတော့ ဒီလေးဖေဖေ မကောင်းခဲ့လို့ပဲ။ ဒါကြောင့် ဒီလေးဟာ သူ့ဖေဖေ အပါအဝင် ဘယ်ယောက်ျားကိုမှ အမြင်မကြည်တော့တာပဲ။ ဒါပေမဲ့ ဒီလေးလို မိန်းကလေးရဲ့ အမြင်တွေကို ပြောင်းလဲနိုင်မယ့် ယောက်ျားတစ်ယောက်ကတော့ လောကမှာ ရှိကို ရှိနေပါတယ်။ သူ … ဘယ်သူလဲ၊ ဘယ်ကလဲ၊ ဘယ်လို အခြေအနေနဲ့ ဒီလေးဘဝထဲ ဝင်လာမလဲ။