မင်းလုပ်နိုင်တာ သေချာတယ်

သဲအောင်

700 Kyats ကျပ်
"Impossible is a theory waiting to be disproved" မဖြစ်နိုင်ဘူး ဆိုတဲ့အရာတွေဟာ ဖြစ်နိုင်ပါတယ်လို့ သက်သေပြမယ့်သူတွေကို စောင့်မျှော်နေတာပါ တဲ့။ (စာ- ၈၉) မိတ်ဆွေ စိတ်ဓာတ်တွေကျနေပြီလား။ အလုပ်မှာ မပျော်ရွှင်တော့ဘူးလား။ ငါ မလုပ်နိုင်တော့ဘူးလို့များ တွေးနေမိပြီလား။ မနက်ဖြန်တိုင်းအတွက် စိတ်ဓာတ်ခွန်အားတွေပြန်ရရှိဖို့ အားပေးမှုလေးလိုနေပြီလား။ ဒါဆိုရင်တော့ ခန္ဓာကိုယ်အားမရှိရင် အားဆေးသောက်သလိုပဲ စိတ်အတွက်လည်း အားဆေးလိုလာပါပြီ။ မိတ်ဆွေအတွက် အသင့်တော်ဆုံး စာအုပ်လေးညွှန်းပါရစေ။ ဒီစာအုပ်လေးဟာ "မင်းလုပ်နိုင်တာ သေချာတယ်" ဆိုတဲ့ အတိုင်းပဲ ဖတ်ပြီးတာနဲ့ စိတ်ဓာတ်ခွန်အားတွေ ပြန်လည်ရရှိပြီး ပျောက်ဆုံးသွားတဲ့ မိမိကိုယ်ကို ပြန်လည်ရှာတွေ့စေမှာပါ။ အင်္ဂလိပ်လိုလေးပါ တွဲရေးထားလို့ အများကြီးညွှန်းစရာမလိုတဲ့ စာအုပ်ပါ။ စိတ်ဓာတ်ခွန်အားတွေလိုအပ်ချိန်တိုင်း ဖတ်ရမဲ့ စာအုပ်ကောင်းလေးအဖြစ်ပြောရင်းနဲ့ပဲ ဒီစာအုပ်ကိုဖတ်ဖို့ ညွှန်းလိုက်ပါတယ်နော်။