သဲအိမ်ကလေး ပြန်ဆောက်ပေးပါ

သူဝေး

800 Kyats ကျပ်
ဆယ်ကျော်သက်အရွယ်ဆိုတာ ပတ်ဝန်းကျင်မှာရှိတဲ့အရာမှန်သမျှကို စူးစမ်းတတ်တဲ့ အရွယ်ပါပဲ။ ဒါပေမဲ့ တချို့ကတော့ မွေးရာပါဗီဇကြောင့် စူးစမ်းတတ်တာပါ။ အဲဒီထဲမှာ ငယ်ငယ်ကတည်းက စုံထောက်ဇာတ်လမ်းတွေကို စိတ်ဝင်စားပြီး စုံထောက်တစ်ယောက်ဖြစ်ချင်တဲ့ လွန်းငယ်တစ်ယောက်ဟာအပါအဝင်ပါပဲ။ တစ်နေ့မှာတော့ လွန်းငယ်အတွက် မဟာအခွင့်အရေးကြီးတစ်ခု ရရှိလာခဲ့ပါတယ်။ အဲ့ဒါကတော့ သူမ နေထိုင်တဲ့မြို့ကလေးရဲ့ အိမ်တွေအရှေ့မှာ ဆယ်နှစ်အရွယ် ကလေးငယ်စီးတဲ့ ဖိနပ်ကလေးတွေ အစီအရီပေါ်လာတာပါပဲ။ ဒါကြောင့် လွန်းငယ်တစ်ယောက်ဟာ သူမရဲ့ ရဲဘော်ရဲဖက်တွေကို စုပြီး ဖိနပ်အမှုကို ဖော်ထုတ်ဖို့ စီစဉ်ပါတော့တယ်။ သူတို့ အမှုဖော်ထုတ်တဲ့အချိန်မှာ စိတ်ဝင်စားစရာကောင်းတဲ့ ဘယ်လိုအဖြစ်အပျက်တွေ ဖြစ်လာမလဲ။ သူတို့အဖွဲ့ထဲက ညီဝေဆိုတဲ့ လူငယ်လေးကရော လွန်းငယ်အတွက် ဘယ်လိုသတ်မှတ်ချက်မှာ ရှိနေလဲ။ ကလေးငယ်ရှိတဲ့ အိမ်တိုင်းအရှေ့မှာ ပေါ်ပေါ်လာတဲ့ ဖိနပ်ကလေးတစ်ရန်ရဲ့ သရုပ်အမှန်ကရော ဘာလဲဆိုတာက တော့...။