သူမေ့နေတဲ့ သစ်ပင်

သူဝေး

750 Kyats ကျပ်
အရွယ်နဲ့ မလိုက်အောင် ကြီးကြီးကျယ်ကျယ် နက်နက်နဲနဲ တွေးတတ်တဲ့ ‘မိုးစင်စင်’ (စင်စင်) ဆိုတဲ့ ကောင်မလေးလို မိန်းကလေးမျိုးကို စာဖတ်သူတို့ရဲ့ ငယ်စဉ်ကလေးဘဝမှာ တွေ့ခဲ့ကြဖူးလား ? ‘သူမေ့နေတဲ့သစ်ပင်’ ရဲ့ သစ်ရွက်စိမ်းစိမ်းနဲ့ အကိုင်းအခက် ညိုရင့်ရင့်တွေကို ပြောရမယ်ဆိုရင် ‘မိုးစင်စင်’ နဲ့ ‘နေလွင်’ ရယ်၊ ပြီးတော့ ဝတ္ထုထဲက သူတို့သူငယ်ချင်းတွေပဲပေါ့။ စာဖတ်နေရင်း မူလတန်းကျောင်းသားဘဝကို ပြင်းပြင်းထန်ထန် လွမ်းဆွေးမိအောင်ကိုပဲ ဝတ္ထုထဲက နောက်ခံကားချပ်ဟာ ပီပြင်အသက်ဝင်လွန်းတယ်။ နေလွင်နဲ့ မိုးစင်စင်တို့ရဲ့ လေးတန်းကျောင်းသားဘဝ အဖြစ်အပျက်တွေကို ရေးပြရင်း ဝတ္ထုကို စဖွင့်ထားတဲ့ ဒီဇာတ်လမ်းဟာ ရိုးရိုးလေးနဲ့ တွေးစရာတွေမှ အမျာကြီးပဲ။ ဖတ်ကြည့်ပါနော်။