လက်တွေ့ဂါထာမန္တန်များနှင့် ထူးထူးခြားခြား ပုတီးစိတ်နည်းများ

သုသုက

600 Kyats ကျပ်
ဒီစာအုပ်ကတော့ ၂၀၂၀ မှာ ကံကောင်းချင်တဲ့သူတွေ ဆောင်ကို ဆောင်ထားသင့် ၊ ဖတ်ကို ဖတ်သင့်တဲ့ စာအုပ်ပါပဲ...။ အင်းဝခေတ်ထဲကနေ အခုခေတ်ထိ အားကိုးအားထားပြုနေတဲ့ ဂါထာမန္တန်တွေကို အနက်အဓိပ္ပာယ်နဲ့ တကွ ဖော်ပြထားတာပဲ ဖြစ်ပါတယ်ဗျ ။ ဆိုတော့ အနက်မသိလို့ ရွတ်ဖတ်ပူဇော်ရတာ ခက်နေတဲ့ ဒုက္ခလည်း မရှိတော့ဘူးပေါ့ ။ ဒီစာအုပ်ထဲမှာ မိတ်ဆွေတို့ ဘဝရဲ့ အခက်အခဲ တစ်စုံတစ်ရာ ကြုံဆုံလာတဲ့အခါ လက်တွေ့အသုံးချနိုင်စေမယ့် ဂါထာမန္တာန်တွေနဲ့ ထူးထူးခြားခြား ပုတီးစိတ်နည်းတွေ ပါဝင်ပါတယ်။ လောကီ လောကုတ္တရာ နှစ်ဖြာအကျိုးကို ဥာဏ်ရှိသလို အသုံးပြုနိုင်မှာ ဖြစ်သလို ကံပွင့်၊ ဥာဏ်ပွင့်၊ လာဘ်လာဘပွင့်မှု၊ အခက်အခဲ၊ အနှောက်အယှက်၊ ပြဿနာတွေကို ကျော်ဖြတ်နိုင်စေမှု၊ စတဲ့ အကျိုးထူးတွေ ရရှိနိုင်စေမှာပါ။ လက်တွေ့ အသုံးချကြည့်ပါ မိတ်ဆွေ။ သင့်အတွက် ကောင်းကျိုးချမ်းသာတွေကို ပေးစွမ်းနိုင်မယ့် စာအုပ်ကောင်းလေးမို့ သိသူဖော်စား၊ မသိသူကျော်သွား ဆိုတာမျိုး မဖြစ်ရအောင် လက်တို့လိုက်ပါတယ်ခင်ဗျ။ ပြောနေတာကြာပါတယ်ဗျာ အခုပဲ ဒီစာအုပ်ကို ဝယ်ယူဖတ်ရှုလိုက်ရအောင် ။