လျှို့ဝှက်မြို့ရိုး

သိုးဆောင်း

1000 Kyats ကျပ်
စာအုပ်ချစ်တဲ့ သူတွေအတွက် စိတ်ကူးယဉ်လို့ကောင်းတဲ့ ဂမ္ဘီရဆန်ဆန် လျှို့ဝှက်ဆန်းကြယ် သည်းထိတ်ရင်ဖို အချစ်ရသဝတ္ထု တစ်ပုဒ်ပဲ ဖြစ်ပါတယ်။ အပျော်တမ်း ဓါတ်ပုံရိုက်ဖို့ ပြင်ဦးလွင်ကို ချမ်းချမ်းစီးစီး ဆောင်းတွင်းကြီး ရောက်ရှိလာတဲ့ လူငယ်လေးတစ်ယောက်။ စာအုပ်အဟောင်း ဆိုင်ကနေ စိတ်ကူးရပြီး ဝယ်လာတဲ့ စာရွက်အလွတ်တွေ ပါတဲ့ ‘လျှို့ဝှက်မြို့ရိုး’ ဆိုတဲ့ စာအုပ်တစ်အုပ်။ ညဘက်တွေမှာ ဖယောင်းတိုင်မီး အလင်းက စာရွက်အလွတ်ကို ဖြတ်ပြီး နံရံပေါ်မှာ ထင်ဟပ်လာတဲ့ သတိပေးတာလိုလို ခြိမ်းခြောက်တာလိုလို ထူးထူးဆန်းဆန်း ပေါ်လာတဲ့ စာတွေ။ ပြင်ဦးလွင် ကန်တော်ကြီးထဲမှာ ကံကြမ္မာရဲ့ ဖန်တီးမှုကြောင့် ရေစက်ဆုံမိသွားတဲ့ ကောင်မလေးတစ်ယောက်။ လူနှစ်ဦးရဲ့ ကံကြမ္မာ၊ သူတို့နဲ့ ပတ်သက်နေသူတို့ရဲ့ ကံကြမ္မာတွေ ကြားထဲကို ‘လျှို့ဝှက်မြို့ရိုး’ စာအုပ်က ဝင်ရောက် ထိန်းချုပ်ဖို့ ကြိုးစားလာတဲ့အခါ …