လက်ညိုးထိုး၍ ပန်းဝေသည်

သိုးဆောင်း

1000 Kyats ကျပ်
စာမြည်း ။ ။ “ခင်ဗျားတို့ရွာက အေးအေးချမ်းချမ်းပဲနော်” “ဘာကိုကြည့်ပြောတာလဲဗျ” စိမ်းပြင်ပြင် လှည့်ကြည့်ရင်းမေးတော့ … “မြင်ရတာကို ပြောတာပါ။ နောက်ဖက်မှာ တောတန်းနဲ့ ဘေးမှာ စမ်းချောင်းနဲ့ သစ်ပင်၊ ဝါးပင် စိမ်းစိမ်းစိုစိုနဲ့ ဆိုတော့ …” ။ ကြွက်နီက ‘ဟက်’ ခနဲရယ်သည်။ “အရမ်းကြီးလည်း ချီးမြှောက်မနေနဲ့ဦးကိုယ့်လူ။ ရွာရောက်မှ လာမိတာမှားပြီဖြစ်နေမယ်” “ဘာဖြစ်လို့လဲဗျ” “လူတွေ တစ်ယောက်ပြီးတစ်ယောက် ဆက်တိုက်သေတာကို ခင်ဗျားကြုံဖူးလား” ကြားရသောစကားကြောင့် သူ အံ့သြသွားမိခိုက် … “ရွာမှာလူသေမစဲတာ နှစ်လပြည့်တော့မယ်” “ဟင် …”