ပုံပြင်တွေလွယ်ထားတဲ့ချစ်သူ

သိုးဆောင်း

1000 Kyats ကျပ်
တစ်ခါက တက္ကသိုလ်ကျောင်းတစ်ကျောင်းမှာ ပုံပြင်တွေကို သိပ်ကြိုက်တဲ့ ကောင်မလေးတစ်ယောက် ရှိခဲ့ဖူးပါတယ်။ ဒီကောင်မလေးဟာ ပုံပြင်ကို ဘယ်လောက်အထိ ကြိုက်သလဲဆိုရင် သူ့ကို ရည်းစားဖြစ်ဖို့ ကြိုးစားတဲ့ လူတိုင်းကို ပုံပြင်တစ်ပုဒ်စီ ပြောခိုင်းလေ့ရှိသတဲ့။ ပုံပြင်နာမည်က 'ယုန်နဲ့လိပ် ဒုတိယပုံပြင်'။ ဒါပေမဲ့ ဘယ်ကောင်လေးကမှ အဲဒီပုံပြင်သစ်ကို ကောင်မလေး လက်ခံအောင်၊ မှန်ကန်တဲ့ ပုံပြင်ဖြစ်အောင် မပြောနိုင်ခဲ့ကြဘူး။ ဒါနဲ့ပဲ ကောင်မလေးရဲ့ အချစ်ကို ပိုင်ဆိုင်နိုင်အောင် ဘယ်သူမှ မကြိုးစားနိုင်ခဲ့ကြဘူး။ ဒါပေမဲ့ ... တစ်နေ့မှာတော့ ဒီကောင်မလေးရဲ့ ပုံပြင်သစ်ကို ပြောနိုင်တဲ့ ကျောင်းသားတစ်ယောက် ပေါ်လာခဲ့တယ်။ ကဲ ... ဒီလောက်ဆိုရင်တော့ စာချစ်သူတို့ စိတ်ဝင်စားဖို့ လုံလောက်ပြီ ထင်ပါတယ်နော်။