ပဥၥလက္ရြာ

သိုးဆောင်း

1000 Kyats ကျပ်
သူဟာ မျက်လှည့်ဆရာလေး တစ်ဦး၊ မိခင်ရဲ့ အရိုးအိုးကိုလွယ်ပြီး ဖခင်ဖြစ်သူကို လိုက်ရှာနေသူ၊ သူ့နာမည်က ‘ရိုးစစ်’ ။ ရှာပုံတော်ခရီး ဖွင့်ရင်း ထူးဆန်းတဲ့ ရွာကလေးတစ်ရွာကို ရောက်လာခဲ့တယ်။ အဲ့ဒီရွာရဲ့ ထူးဆန်းပုံက ကျိန်စာတစ်ခုကြောင့် ရွာဟာ ခုနစ်နှစ်တိတိ မိုးခေါင်နေခဲ့ပြီး ‘ကိုးချောင်းရွာ’ လို့ အမည်တွင်တယ်။ ရွာထဲမှာ ‘ဦးယုဝ’ ခေါ်တဲ့ ထူးဆန်းတဲ့ လူကြီးတစ်ဦးနဲ့ ‘ယက္ခ’ ဆိုတဲ့ ထူးခြားတဲ့ မျက်လှည့်ဆရာကြီး တစ်ဦးလည်း ရှိတယ်။ ‘အီလစ်’ ဆိုတဲ့ ဘုရားပေးတဲ့ လက်ဆောင်တစ်ခုနဲ့ သင်္ချာနည်းစနစ်တွေကို အခြေခံထားတဲ့ သုံးပုံပဟေဠိလည်း ရှိတယ်။ အထူးခြားဆုံးကတော့ ရွာမှာ မိုးပြန်ရွာရေးက ‘တဘောင်’ တစ်ခုအပေါ်မှာ မူတည်နေတဲ့ ကိစ္စပေါ့။ ဒီလိုမျိုး လျှိ့ဝှက်ဆန်းကြယ်မှုတွေ ပါဝင်နေတဲ့ ‘ပဉ္စလက်ရွာ’ ကို MRTV – 4 မှာ ဇာတ်လမ်းတွဲ ပြသဖူးတယ် မှတ်မိကြတယ်မလား။ ဒီလိုဆိုတော့၊ ဇာတ်လမ်းကို အားလုံး သိပြီးသား ဖြစ်ကြမယ် ထင်တယ်။ ဘယ်လိုပဲဖြစ်ဖြစ်၊ စာအုပ် မဖတ်ရသေးရင်၊ ဒါမှမဟုတ်၊ ဖတ်ပြီးသား ဆိုလည်း ပြန်ဖတ်ကြည့်ပါဦး။ မိုးအေးအေးနဲ့ ဖတ်လို့ကောင်းတဲ့ သိုးဆောင်းရဲ့ လက်ရာကောင်းတစ်ခု ဖြစ်နေလို့ တင်ဆက်လိုက်ပါတယ်။