ဒေါင်းဘယက်ခွက်နှင့် သွေးကျိန်စာ

သိင်္ခသူ

600 Kyats ကျပ်
...အခု မိတ်ဆက်လိုက်တဲ့ စာအုပ်တွေထဲမှာ ဖတ်ရတာာ အသစ်အဆန်း ဖြစ်အောင်လို့ လျှို့ဝှက်ဆန်းကြယ် သည်းထိတ်ရင်ဖို စုံထောက်ဝတ္ထုကိုလည်း ညွှန်းဆိုလိုက်ပါတယ်။ ဒီစာအုပ်ကတော့ ကြုံရသမျှ လျှို့ဝှက် ထူးဆန်းမှုချည်းပဲလို့ ဆိုရအောင်ကို ကြားလိုက်ရတဲ့ အမှုတွေက တော်တော်ကို ခေါင်းစားစရာပါ။ သွေးတစက်မှ မထွက်ဘဲ အသတ်ခံရတဲ့ ဘရွတ်ကလင်းလမ်း လူသတ်မှု ကနေ ဒေါင်းဘယက်ခွက်နှင့် သွေးကျိန်စာအထိ ဘယ်လို ဆွဲခေါ်သွားမလဲ ဆိုတာ စိတ်ဝင်စားစရာပါ။ စာဖတ်သူနဲ့ ရင်းနှီးတဲ့ ဆားပုလင်းနှင်းမောင်နဲ့ ဆားပုလင်းမင်းအောင် တို့ကိုတော့ ဒီစာအုပ်ထဲမှာ မြင်ရမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ သူတို့လိုပဲ ထက်မြက်တဲ့ စုံထောက်မျိုးက ဘယ်သူ ဖြစ်မလဲ ? စာရေးသူ သိင်္ခသူရဲ့ ဟီးရိုး စုံထောက်က ဘယ်သူ ဖြစ်မလဲ ဆိုတာကတော့ ….