သံသယများရဲ့ နောက်ကွယ်

သဉ်ဇာမိုးဦး

600 Kyats ကျပ်
ပွေတတ် ရှုပ်တတ်တဲ့ ယောက်ျားတစ်ယောက်ကိုမှ ချစ်မိတဲ့ မိန်းကလေးတွေ ရှိပါသလား။ ဒါမှမဟုတ် ကိုယ့်သူငယ်ချင်းတွေထဲမှာ မြင်ဖူးပါသလား။ ရှိခဲ့မယ်ဆိုရင် အဲ့ဒီပြဿနာကို ဘယ်လို ရှင်းမလဲ။ အဲဒီယောက်ျားကို အဆက်ဖြတ်ပစ်မှာလား၊ သံယောဇဉ်ဖြတ်ပစ်မှာလား၊ ဒါမှမဟုတ် ခြေငြိမ်သွားအောင် ထိန်းမှာလား၊ ထပ်မရှုပ်ဖို့ ညှိယူကြမှာလား ? ဒီစာအုပ်ထဲက မိုးဆိုတဲ့ မိန်းကလေးကတော့ လူရှုပ်လူပွေတစ်ယောက်ကို ချစ်သူအဖြစ် ရွေးချယ်မိခဲ့ပါတယ်။ ချစ်သူအဖြစ်တင်မက လက်ထပ်ဖို့အထိလည်း ရည်ရွယ်ပြီးသား။ ဒီအခြေအနေမှာတောင် မိုးရဲ့ချစ်သူက သူ့ရည်းစား ကောင်မလေးတွေ မိုးဆီ ခေါ်ခေါ်လာပြီး မိတ်ဆက်ပေးနေတာ နှစ်ယောက်သုံးယောက်။ ဒါ့အပြင် နောက်ဆုံးမှာ မိုးရဲ့ချစ်သူဟာ မိုးရဲ့ သူငယ်ချင်း အရင်းခေါက်ခေါက်ဖြစ်တဲ့ မြတ်နိုးကို မိုးနောက်ကွယ်မှာ မရရအောင် လိုက်ပြီး တွဲပြန်တဲ့အခါ … မိုး ဘယ်လို ဆုံးဖြတ်မှာလဲ၊ မိုးရဲ့ သည်းခံမှုတွေ ဘယ်အတိုင်းအတာအထိ ခံနိုင်မှာလဲ၊ မိုးတစ်ယောက် ချစ်သူကို ဘယ်လို တုံ့ပြန်လိမ့်မယ် … အရမ်းစိတ်ဝင်စားဖို့ကောင်းတဲ့ ဝတ္ထုတစ်ပုဒ်မို့ ညွှန်းဆိုလိုက်ပါရစေ။