ဆုံစည်းစေသော ကံကြမ္မာ

သဉ်ဇာမိုးဦး

600 Kyats ကျပ်
ချစ်သူရဲ့ မင်္ဂလာပွဲကို အရောက်လာပြီး နှုတ်ဆက်လက်ဆောင် လာပေးတဲ့နေ့မှ ချစ်သူ ‘သူရ’ နဲ့ လက်ထပ်မယ့်သူက သူငယ်ချင်းဖြစ်သူ နွေ ဖြစ်မှန်း သိလိုက်ရတဲ့ လဝန်းတစ်ယောက် နာကျင်မှု၊ ဝမ်းနည်းမှု၊ ယူကြုံးမရမှု၊ နာကြည်းမှု စတဲ့ သောကဝေဒနာတွေနဲ့ လမ်းမပေါ် ပြေးအထွက်၊ အရှိန်ပြင်းပြင်း မောင်းလာတဲ့ ကားတစ်စီးနဲ့ တိုက်မိခဲ့တယ်။ လဝန်း သတိရပြီး နိုးလာတဲ့အခါမှာတော့ အချိန်တွေက ခပ်မြန်မြန် ကုန်ဆုံးသွားခဲ့ပြီ။ တစ်လကျော်ဆိုတဲ့ အချိန်၊ လဝန်းတစ်ယောက် တစ်လကျော်ကျော် သတိလစ် မေ့မျောနေခဲ့သတဲ့။ ပိုထူးဆန်းတာက သတိရလာပြီးတဲ့နောက် ပထမဆုံး မှန်ကြည့်လိုက်မိတဲ့အချိန်မှာ မှန်ထဲ မြင်နေရတဲ့ မျက်နှာတစ်ခုက လဝန်းရဲ့ မျက်နှာ မဟုတ်တဲ့ အခြား အမျိုးသမီးတစ်ယောက်ရဲ့ မျက်နှာလှလှ။ လဝန်းတစ်ယောက် သူမသိတဲ့ မိသားစု၊ သူမသိတဲ့ လူတွေအကြား ဆည်းဆာချိုအဖြစ်နဲ့ ရောက်ရှိသွားတဲ့အခါ … လွန်ခဲ့တဲ့ (၁) လကျော်ကျော်က ကားအက်ဆီးဒင့်န်နဲ့ ပွဲချင်းပြီး သေဆုံးသွားပြီဖြစ်တဲ့ လဝန်း၊ လှေကားပေါ်က ကျပြီး အတိတ်မေ့နေတဲ့ ဆည်းဆာချို၊ ဆည်းဆာချိုနဲ့ စေ့စပ်ထားတယ် ဆိုတဲ့ ခန့်ထည်ဝါ၊ ဆည်းဆာချိုနဲ့ အဖေတူ အမေကွဲ ညီမ နဒီခင်၊ သူတို့အကြားက လျှို့ဝှက်ချက်တွေ၊ သူရနဲ့ နွေတို့ကို လှလှပပ လက်တုံ့ပြန်ဖို့ စိတ်ကူးတွေနဲ့ စိတ်ဝင်စားစရာ ကောင်းလှတဲ့ ဒီဇာတ်လမ်းမှာ … လဝန်းနဲ့ ဆည်းဆာချိုဟာ တစ်ယောက်တည်းလား၊ ဒါမှမဟုတ် … ကားအက်ဆီးဒင့်န်နဲ့ သေဆုံးသွားတဲ့ လဝန်းရဲ့ အသိစိတ်နဲ့ လိပ်ပြာဟာ ဆည်းဆာချိုရဲ့ ခန္ဓာကိုယ်မှာ ဘယ်လို တွယ်ကပ်နေတာလဲ၊ စသဖြင့် အစကနေ အဆုံးထိ စိတ်ဝင်စားစရာ အတိနဲ့ ဖတ်ရှုကြရမှာပါ။