ကျိန်စာသင့်ချစ်ခြင်း

သဉ်ဇာမိုးဦး

600 Kyats ကျပ်
မိဘတွေက စိတ်မချလို့ Day မထားချင်ပေမဲ့ ဘယ်ယောက်ျားနဲ့မှ မပတ်သက်ပါဘူးဆိုတဲ့ ကတိကိုပေးပြီး Day တက်ခဲ့တဲ့ လရိပ်ဆိုတဲ့ ကောင်မလေးဟာ သူငယ်ချင်းတစ်ယောက်နဲ့ ဆက်စပ်ပြီး တွေ့ခဲ့တဲ့ ဇွဲဆိုတဲ့ ကောင်လေးကို မြင်မြင်ချင်း စိတ်ဝင်စားခဲ့မိတယ်။ ရင်ခုန်ခြင်းဟာ အချစ်ဖြစ်မယ်ဆိုရင် ဇွဲကို မြင်နေတွေ့နေရုံနဲ့တင် ရင်ခုန်လှိုင်းထနေရတဲ့ လရိပ်အတွက်ကတော့ အချစ်ဆိုတဲ့အရာနဲ့ ပက်ပင်းတိုးမိခြင်းပဲ ဖြစ်ပါလိမ့်မယ်။ ချစ်နေမိပြီလို့ ကိုယ့်ကိုယ်ကိုယ် သိလိုက်ရချိန်မှာပဲ လရိပ် ထင်မှတ်မထားတဲ့ တခြားအကြောင်းအရာတွေဟာ လရိပ်ရဲ့ဘဝထဲ ဝင်ရောက်လာခဲ့ပြန်ပါတယ်။ ဇွဲက လရိပ်ကို မုန်းနေတယ်တဲ့။ ဇွဲက ဘာကြောင့်မုန်းတာလဲ၊ ဘာပတ်သက်မှုမှ မရှိခဲ့ဘဲ ဘာကြောင့် အကြောင်းမဲ့ မုန်းရတာလဲ။ ကိုယ့်ကို မုန်းပါတယ်ဆိုတဲ့ ယောက်ျားတစ်ယောက်ကိုမှ စွဲစွဲလန်းလန်း ချစ်မိတဲ့ လရိပ်အတွက် အဲဒီအချိန်က စပြီး နာကျင်စရာ ကျိန်စာတစ်ပုဒ်က အသက်ဝင်လာပါတော့တယ်။ အချစ်ဟာ ကျိန်စာဖြစ်ပါသလား ? လူတစ်ယောက်က လူတစ်ယောက်ကို ချစ်မိတဲ့အခါ ကျိန်စာသင့်တာမျိုး ဖြစ်နိုင်ပါသလား ? ဒါမှမဟုတ် လူတစ်ယောက်က လူတစ်ယောက်ကို ချစ်မိပြီး ကိုယ်ချစ်တဲ့သူက ကိုယ့်ကို ပြန်မချစ်တဲ့အခါ ကျိန်စာတစ်ပုဒ် အသက်ဝင်လာတာမျိုး ဖြစ်နိုင်မလား ? ဒီဇာတ်လမ်းလေးမှာ အဖြေရှာကြည်လိုက်ရအောင်