နီပေါပြည်ရောက် မြန်မာတစ်ယောက်

သရဝဏ် (ပြည်)

600 Kyats ကျပ်
စာရေးဆရာ သရဝဏ် ( ပြည် ) ကို အစိုးရကို ထောက်ပြဝေဖန်လေ့ရှိတဲ့ ဆောင်းပါးရှင် ၊ သရော်စာရေးသူ တစ်ဦးအနေနဲ့ ဝန်ဇင်းပရိသတ်ကြီး သိကြလိမ့်မယ် ထင်ပါတယ်။ စာရေးသူက နိုင်ငံရေးဆောင်းပါးတင် မကပါဘူး။ သမိုင်းဆိုင်ရာဆောင်းအတွေအပြင် ခရီးသွားဆောင်းပါးတွေကိုလည်း ရေးလေ့ရှိတဲ့ စာရေးဆရာတစ်ဦးပဲ ဖြစ်ပါတယ်။ အခု ဒီစာအုပ်ဟာ စာရေးသူရဲ့ နီပေါနိုင်ငံ ခရီးစဉ်အကြောင်းပေါ့။ ကမ္ဘာ့အမြင့်ဆုံး တောင်ကြီး ( ၁၀ ) လုံးအနက် ( ၅ ) လုံးလောက်က နီပေါမှာ၊ ဂေါရခါးလူမျိုးတို့ရဲ့ ဘူမိနက်သန်တိုင်းပြည်ဟာ နီပေါ။ နီပေါကို ရောက်သွားတဲ့ မြန်မာတစ်ယောက် နီပေါမှာ ဘာတွေမြင်ခဲ့ရမလဲ၊ ဘာတွေကြုံခဲ့ရမလဲ။ မြန်မာနိုင်ငံက စထွက်ဖို့ ဗီဇာလျှောက်ချိန်ကစလို့ နီပေါခရီးစဉ်ကို စာဖတ်သူကြီး မြင်တွေ့ရလိမ့်မယ်။ နီပေါရဲ့ရိုးရာယဉ်ကျေးမှု၊ ရှေးဟောင်းနန်းတော်တွေ၊ အမိနိုင်ငံကို သတိရသွားမယ့် လမ်းဘေးလက်ဖက်ရည်ဆိုင်လေးတွေ၊ နီပေါ - မြန်မာချစ်ကြည်ရေးအကြောင်း စတာတွေကိုလည်း မြင်တွေ့ရမှာ ဖြစ်ပါတယ်။