ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိအမှားများရှင်းတမ်း နှင့် မိုးမခ လက်ရွေးစင်ဆောင်းပါးများ

သန်းဝင်းလှိုင်

900 Kyats ကျပ်
ဗိုလ်ချုပ်အောင်ဆန်းကို ချစ်သူတိုင်း၊ လေးစားအားကျသူတိုင်းအနေဖြင့် ဗိုလ်ချုပ်၏အကြောင်း၊ ဗိုလ်ချုပ်ပြောသွားခဲသည့် မှတ်သားလောက်စရာ စကား၊ မိန့်ခွန်းများကို အလွတ်ရလောက်သည်ထိ ဖတ်ရှုလေ့လာပြီး ဖြစ်နိုင်သော်လည်း ထိုကဲ့သို့ ဗိုလ်ချုပ်စာအုပ်များကို လေ့လာဖတ်ရှုပါက အများမှာရက်စွဲအမှတ်မှားမှုများ၊ ဖြစ်ရပ်မှန် လွဲချော်မှုများ၊ မခိုင်လုံသော ပါးစပ်ရာဇ၀င်၊ ထင်မြင်သုံးသပ်ချက် စသည့်အမှားအများအပြား တွေ့ရှိရသည်။ စာရေးဆရာ သန်းဝင်းလှိုင်သည် အဆိုပါ အမှားများအား မည်သူ့ကိုမျှနစ်နာစေလိုသော၊ ထိခိုက်စေလိုသော ရည်ရွယ်ချက်မရှိဘဲ၊ မျိုးဆက်သစ်လူငယ်များအား သမိုင်း ဖြစ်ရပ်မှန်ကို ချိန်ထိုးလေ့လာဆည်းပူးနိုင်စေရန် ရည်ရွယ်၍ အမှန်ကို အထောက်အထားများ၊ ရှားပါးဓာတ်ပုံများနှင့် စာဖတ်သူ စိတ်ဝင်စားဖွယ်ဖြစ်အောင် တင်ပြထားသည်။ တခြားကဏ္ဍဆောင်းပါးများအနေဖြင့် ဆရာတော် ဦးဝီစာရ၊ ပြည်သူချစ်သော ထိုင်းဘုရင်မင်းမြတ်၊ ရွှေနန်းထက်မှ ဧကရီသုံးပါး ဗြိတိသျှ ဒုတိယမြောက် အယ်လစ်ဇဘက် ဘုရင်မကြီး စသည်ဖြင့် နိုင်ငံကျော် လူထုခေါင်းဆောင်များအကြောင်းကိုလည်း ဤစာအုပ်တွင် ဓာတ်ပုံမှတ်တမ်းများနှင့်တကွ ဝေေ၀ဆာဆာ ဖော်ကျူးထားသေးရာ မြန်မာနိုင်ငံ၏ အာဇာနည်ခေါင်းဆောင်ကြီးများအကြောင်းနှင့် ကမ္ဘာတစ်ဝှမ်းထင်ရှားကျော်ကြားသည့် ခေါင်းဆောင်များအကြောင်းကို အမှန်အတိုင်း သိလိုသူများအနေဖြင့် ဖတ်ရှုသင့်သည့် စာအုပ်မျိုးဖြစ်သည်။