နေ့စဉ်သုံးမြန်မာဝေါဟာရများ အဘိဓာန်

သန်းဝင်းလှိုင်

900 Kyats ကျပ်
...မြန်မာဘာသာစာပေရဲ့ သက်တမ်းဟာ နှစ် (၁၀၀၀) ကျော် ကာလဝန်းကျင် ရှိခဲ့ပါပြီ။ ဒီကာလတွေကို ဖြတ်ကျော်ပြီးတဲ့နောက်မှာ ယခုဆိုရင် မြန်မာဘာသာစကားဟာ ဝေါဟာရကြွယ်ဝပြီး အတန်အသင့် ပြည့်စုံ အဆင့်အတန်းမြင့်တဲ့ ဘာသာစကား စာပေအဖြစ် ဖြစ်တည်လာခဲ့ပြီလည်း ဖြစ်ပါတယ်။ ဒါပေမဲ့ မြန်မာစာပေမှာ ဘာသာစကားနဲ့ ထိုက်တန်တဲ့ စာပေနဲ့ အဘိဓာန်တို့ ပေါ်ပေါက်လာတာကတော့ ကာလ သိပ်မကြာသေးကြောင်း ပညာရှင်တို့က မှတ်ချက်ပြုခဲ့ကြပါတယ်။ စာပေမြင့်မှ လူမျိုးဂုဏ်တင့်သလို အဘိဓာန်ရှိမှ စာပေဂုဏ် ရှိပါတယ်။ အဘိဓာန်ဆိုတဲ့ စကားဟာ အဘိဓာန ဆိုတဲ့ ပါဋ္ဌိဘာသာက ဆင်းသက်လာတဲ့ ဝေါဟာရတစ်ခု ဖြစ်ပါတယ်။ အနက်ကတော့ အမည်၊ သဒ္ဒါ တို့ကို ဟောသော ကျမ်းလို့ အဓိပ္ပာယ်ရပါတယ်။ မြန်မာအဘိဓာန်သမိုင်းကို လေ့လာကြည့်တဲ့အခါ အဘိဓာန်ကျမ်းပေါင်း (၅၀) ကျော် ရှိနေခဲ့ပြီ ဖြစ်ပါတယ်။ ယခု စာဖတ်သူတွေကို မိတ်ဆက်ပေးထားတဲ့ စာအုပ်ကတော့ အဘိဓာန် ရှာဖွေလိုသူတွေနဲ့ ရုတ်တရက် အနက်ဖော်ရခက်တဲ့ ဝေါဟာရတွေကို အချိန်တိုတိုအတွင်း အလွယ်တကူ ရှာဖွေပြီး အနက်အဓိပ္ပာယ် သိရှိစေနိုင်ရန် ပြုစုစီမံထားတဲ့ အဘိဓာန်တစ်စောင် ဖြစ်ပါတယ်။ မြန်မာဘာသာ စာပေကို နှိုက်နှိုက်ချွတ်ချွတ် လေ့လာလိုသူတွေ အတွက် မြန်မာဝေါဟာရဆိုင်ရာ ဟင်းပေါင်းအိုးကြီးလို့ တင်စားရမယ့် စာအုပ်တစ်အုပ်ပဲ ဖြစ်ပါတယ်ခင်ဗျ။