စောင့်နေသူ

သတိုးတဇေ

800 Kyats ကျပ်
>>> လူတွေပြောလေ့ရှိကြတဲ့ ဒဏ္ဍာရီပုံပြင်တစ်ပုဒ်ဆိုတာ တစ်ခါတလေ တကယ်ဖြစ်နေတတ်တယ်မဟုတ်လား။ ကျောင်းမှာ သရဲမခြောက်ဘူးလို့ ဆရာ၊ ဆရာမတွေ ပြောလေ့ရှိကြပေမယ့် တကယ်အခြောက်ခံရဖူးတဲ့ သူတွေလည်း ရှိနေတယ်လေ။ အခုလည်း လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာ ပြဇာတ်ကရင်း ပျောက်ဆုံးသွားတဲ့ ကောင်လေးတစ်ယောက် ရှိခဲ့ဖူးတယ်။ အဲဒီပြဇာတ်က စိန့်ဖလောရင့်ကျောင်းမှာ နှစ်တိုင်းကပြတဲ့ဇာတ်။ နာမည်က ဝိညာဉ်မေတ္တာတဲ့။ အခု ကျောင်းသားတွေ ထပ်ပြီး ကပြမယ့် ပြဇာတ်ကလည်း ဝိညာဉ်မေတ္တာ ပြဇာတ်ပဲဆိုတော့ တစ်ချိန်က ချောက်ချားစရာအဖြစ်အပျက်တွေ တစ်ပတ်ပြန်လည်လာမလားဆိုတာ ... ။