စေညွှန်ရာ ကြမ္မာဆိုး

သတိုးတဇေ

800 Kyats ကျပ်
>> လူကြီးတွေက အမြဲတမ်းပြောကြတယ်။ အပြင်မှာကောက်ရတဲ့ပစ္စည်း အိမ်ထဲကို ယူမလာကြနဲ့၊ လမ်းမှာတွေ့တဲ့ ပစ္စည်းတွေကိုကောက်ပြီး အိမ်ကိုယူမလာကြနဲ့ မကောင်းတဲ့အငွေ့အသက်တွေ၊ မကောင်းတဲ့အရာတွေ ပါလာတတ်တယ်ဆိုတာလေ။ အခု ကံမြင့်၊ စံပီး၊ ထက်လု၊ ခင်လေးမြင့်၊ နုဝါတို့ ငါးယောက်လည်း သင်္ကြန်မှာ လည်ပတ်ချင်လို့ ပိုက်ဆံရှာမယ်ဆိုပြီး ထင်းရှာ၊ ထင်းခွဲအလုပ်ကိုလုပ်နေရင်း လူမနေတဲ့ အိမ်မဲကြီးနားက သစ်ငုတ်ခြောက်ကြီးကို တူးလှဲကြတယ်။ အဲဒီမှာ ရုပ်ဆိုးဆိုး မျက်နှာပုံစံ အရုပ်ကြီးကိုတွေ့ရတယ်။ စစချင်းအဲ့အရုပ်ကြီးကို အိမ်ယူသွားတာက ကံမြင့်။ အရုပ်ယူသွားတဲ့ တစ်ညလုံး ကံမြင့် ချောက်ချားစရာတွေကြုံရတယ်။ ဒါကို မယုံလို့ စံပီးပါ အဲ့ဒီအရုပ်ကို အိမ်ယူသွားတဲ့အခါမှာတော့ ...