ငေါင်းငေါင်း ခြေတစ်ချောင်း

သတိုးတဇေ

800 Kyats ကျပ်
>> ငေါင်းဆိုတာ မြန်မာ့သမိုင်းမှာ ဒဏ္ဍာရီဆန်တဲ့အကောင်တစ်မျိုးပဲ။ ယုံတမ်းစကားတွေအရတော့ နာနာဘဝတွေရဲ့ ရုပ်ဆောင်ချက်လို့ ဆိုကြတယ်။ ပုံစံကခြေတစ်ချောင်းပဲရှိပြီး လူတူသတ္တဝါလို့ပြောကြတယ်။ အရင်တုန်းက ဒေါနတောင်တန်းမှာ ငေါင်းတွေပေါတယ်၊ ဖမ်းမိသူတွေရှိခဲ့တယ်လို့ပြောကြပေမယ့် ဒီနေ့ခေတ်မှာ တော့ပါးစပ်ရာဇဝင်သာသာပဲကျန်ခဲ့တော့တာပေါ့။ ပါးစပ်ရာဇဝင်တစ်မျိုးစီမှာ ငေါင်းရဲ့ပုံသဏ္ဍာန်ကတစ်မျိုးစီ ဖြစ်နေတော့ ယုံရခက်၊ မယုံရခက်ပဲ။ ဒီစာအုပ်ကတော့ အဲဒီငေါင်းကြောင့် ရွာတစ်ရွာလုံးဒုက္ခရောက်ရတဲ့အကြောင်းရေးထားတာ။ စာအုပ်ထဲကငေါင်းက ဘယ်လိုပုံသဏ္ဍာန်မျိုးလဲ။ ဘယ်လိုဖြစ်လို့ တစ်ရွာလုံးဒုက္ခရောက်ကြတာလဲဆိုတာသိချင်ရင်တော့!