အနက်ရောင် မိစ္ဆာ

သတိုးတဇေ

800 Kyats ကျပ်
ရွာနှစ်ရွာကြား လယ်ကွင်းပြင်ကြီးထဲမှာ ညနေရီတရော ကြီးမားလှတဲ့ ကျွဲကြီးတစ်ကောင် ရုတ်တရက် ပေါ်လာပြီး လိုက်လံတိုးခွေ့လို့ ဒုက္ခတွေ့ရရှာတဲ့ ရွာသားတွေ။ ကျွဲကြီးက သာမန်ကျွဲကြီးမဟုတ်။ နာနာဘာဝရုပ်နဲ့ မကောင်းဆိုးဝါး တစ်ကောင်အလား။ ထိုလယ်ကွင်းပြင်ကြီးဟာ တစ်ချိန်က ဖက်ဆစ်ဂျပန်များကို ရွာသားများက တွန်းလှန်တိုက်ခိုက်ခဲ့ကြတဲ့ လူအသေအပျောက်များ စွန်းထင်းရာ စစ်တလင်းပြင်ကြီးလည်း ဖြစ်ခဲ့ဖူးတယ်။ ဒီလယ်ကွင်းကြီးရဲ့ အနီး ရွာလမ်းသို့ဝင်ရာ နေရာမှာတော့ တဲအိမ်လေးတစ်လုံး။ သက်ရွယ်ဇရာရ အဘွားအိုတစ်ဦးနဲ့ မိခင်မဲ့ ဖခင်ပျောက် လူမမယ်ကလေးငယ် မြေးအဘွားနှစ်ဦးတို့နေရာပါ။ ညနေရီမှာ ပေါ်ပေါ်လာတဲ့ ကျွဲဆိုးကြီးရဲ့ ဖြစ်ပေါ်မှုအစကတော့ ထိုတဲအိမ်ဝင်းကလေးအတွင်းက အပင်ကြီးအောက် မြစ်ဆုံဂလိုင်ပေါက်ထဲမှ သိုက်ဆရာတစ်ယောက်ရဲ့ လက်ချက်နဲ့ ဘုရားဌာပနာပစ္စည်း ဝမ်းဗိုက်ထဲ ရောက်နေတဲ့ ရွှံ့ကျွဲရုပ် ကလေးတစ်ရုပ်ပါပဲ။ ဒီလိုနဲ့ အနက်ရောင်မိစ္ဆာဟာ ကြက်သီးတဖြန်းဖြန်းထလောက်စရာ ခြောက်လှန့်ဖွယ်တွေ ပြည့်နေတဲ့ ဝတ္ထုတစ်ပုဒ် ဖြစ်လာပါတော့တယ်။