သုဿန်မြေက မိစ္ဆာ

သတိုးတဇေ

800 Kyats ကျပ်
“မိုးမခ အပန်းဖြေရိပ်သာစခန်းကို ရောက်ပါပြီ .. အားလုံး ကားပေါ်က ဆင်းကြပါ” ဟု ကားမောင်းသူက အော်ဟစ်ကြေငြာလိုက်၏။ “ဟင် .. အားလုံး … တဲ့၊ ရှိတာမှ ငါနဲ့ သုတ နှစ်ယောက်တည်းဟာကို” ကားမောင်းသူ၏ ခေါင်းက အစိမ်းရောင်ကန့်လန့်ကာများ ကြားထဲမှ ပြူထွက်လာသည်။ သူက ကျွန်တော်တို့ကို ပြုံးတုံးတုံးကြီး လုပ်ကာ ကြည့်ရင်း … “ကားစီးရတာ ဘယ်လိုနေလဲ ဆရာတို့” ဟု မေးလိုက်၏။ “အတိုင်းထက် အလွန်ပါပဲ” ကျွန်တော်က ထိုင်ခုံများကြားမှ လျှောက်လာရင်း ပြန်ဖြေလိုက်သည်။ သုတကတော့ ဘာမှ မပြောချေ … ။ စာအုပ်စဖတ်ကတည်းက ဆုံးတဲ့အထိ အသက်ရှုဖို့တောင် မေ့သွားစေမယ့် ဒီဇာတ်လမ်းကတော့ တကယ့်ကို ခြောက်ခြားဖွယ်ရာပါပဲ။