သန်းခေါင်ထက်နက်တဲ့ည

သတိုးတဇေ

800 Kyats ကျပ်
လူငါးဦး။ နှစ်ဦးက ချစ်သူစုံတွဲ၊ ကျန်သုံးဦးမှာ နှစ်ဦးက အတွဲ မဖြစ်ခဲ့ကြသူနှစ်ဦး။ နောက်တစ်ဦးက သေနတ်တစ်လက်ကို ခါးကြားမှာ ဝှက်ပြီး ယူလာသူ။ သူတို့ငါးဦးက ညတစ်ညမှ အကြံအစည်တစ်ခုနဲ့ စုဝေးရောက်ရှိလာကြတာ ဖြစ်တယ်။ အဲဒီအကြံအစည်က သူတို့ရဲ့ သူငယ်ချင်း ‘ဆုနဒီ’ ကို ပြန်ပေးဆွဲချင်ဟန်ဆောင်ပြီး လူမနီးတဲ့ ပင်လယ်ထဲက ကျွန်းတစ်ကျွန်းကို ခေါ်ဆောင်ပြီး ကြိုတင်ကြံစည်ထားတဲ့ မွေးနေ့ပွဲတစ်ခု ကျင်းပပေးဖို့ပါပဲ။ ဆုနဒီဆိုတာက အင်မတန်လှပသလောက် သူ့အလှအပနဲ့ ယောက်ျားတွေကို လှည့်ဖြားညှို့ယူတတ်သူ။ အဲ့ဒီကရတဲ့ ပျော်ရွှင်မှုနဲ့ ကျေနပ်နေတဲ့သူ။ သူ့ကို ပြန်ပေးဆွဲချင်ဟန်ဆောင်မယ့် လူငါးဦးကလည်း သူငယ်ချင်းတွေ ဆိုပေမယ့် သူ့အကြောင်းတရားနဲ့သူ ဆုနဒီနဲ့ ဆက်နွယ် ပတ်သက်မှုလေးတွေ ရှိနေတယ်။ ဒီလိုနဲ့ အဲ့ဒီညမှာ ဘယ်သူမှ မထင်မှတ်ထားတဲ့ အဖြစ်အပျက်တွေ ဖြစ်လာသလို၊ ညက တဖြည်းဖြည်း သန်းခေါင်ထက် ညဥ့်နက်လာတဲ့အခါမှာတော့ လက်သည်ရှာမရတဲ့ ထိတ်လန့်ကြောက်မက်ဖွယ်ရာတွေ ဆက်တိုက် ဖြစ်လာတော့တယ်။ အဲ့ဒီလို သန်းခေါင်ထက်နက်တဲ့ ညကို သတိုးတေဇက စာဖတ်သူတို့အတွက် ကြောက်ရွှံ့ထိတ်လန့်ဖွယ်ရာ လျှို့ဝှက်ချက်တွေနဲ့ ရေးဖွဲ့ထားပုံက သရဲမကြောက်ဘူး ဆိုသူများ ဖတ်ကြည့်သင့်ပါကြောင်း … ။