ငါတို့စောင့်နေကြတယ်

သတိုးတဇေ

800 Kyats ကျပ်
"စုလတ်နော် ... သမီးက လူကြီးဖြစ်နေပြီ၊ ဖိုးသားက အခုမှ ကိုးနှစ်ပဲ ရှိသေးတာ။ သမီးမောင်လေးကို သမီးမှ ဂရုမစိုက်ရင် ဘယ်သူ ဂရုစိုက်မှာလဲ" မေမေ့စကားကြောင့် ကျွန်မ ပခုံးတွန့်ရုံ တွန့်ပြလိုက်၏။ မလှမ်းမကမ်းမှ ဖိုးသားက လှမ်းပြီး လှောင်ပြောင်ပြနေသည်ကို မြင်ရသည်။ နောက်ထပ် ရက်အနည်းငယ် ကြာလျှင် ဒါတွေ ဖြစ်လာမည် ဆိုသည်ကိုသာ ကျွန်မ ကြိုသိခဲ့လျှင် ဖိုးသားကို ဒီလိုဆက်ဆံခဲ့မှာ မဟုတ်တာ သေချာပါသည်။ တကယ်ပဲ နောက်ရက် အနည်းငယ်အကြာမှာ ကျွန်မ မောင်လေးဖိုးသားတစ်ယောက် ဟောဒီ လောကကြီးထဲက အပြီးအပိုင် ပျောက်ကွယ်သွားမှာကို ကျွန်မ ကြိုတင်မသိခဲ့ချေသည်တကား။